အာလူးကို အသေးလေးတွေ ဖြစ်အောင်ခြစ်ပြီး ငရုတ်သီးနှင့် ကြွပ်ကြွပ်ကြော်စားရသည့် အာလူးနုပ်နုစဉ်းကြော်လေးကို လူကြိုက်များကြပါတယ်။

အိမ်မှာဘဲ အလွယ်တကူ ကြော်စားလို့ရတဲ့ စီချွမ် ဟင်းချက်နည်း တစ်မျိုးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

အားလူး ၂ လုံး

Sichuan Peppercorn လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

ငရုတ်သီး အနီတောင့် ၂ တောင့် သို့ ၃ တောင့်

ကြက်သွန်ဖြူ ၂ မွှာ

ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ဇွန်း

နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

ဆားအနည်းငယ်

ငရုတ်ပွသီး အစိမ်း ၁ လုံးရဲ့ ၄ ပုံ ၁ ပုံ

ငရုတ်ပွသီး အနီ ၁ လုံးရဲ့ ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း

အာလူးများကို အသေးလေးတွေဖြစ်အောင် ခြစ်လိုက်ပါ။ ခြစ်ထားတဲ့ အာလူးများကို ပန်ကန်လုံးကြီး ၁လုံးထဲကို ရေထည့်ပြီး စိမ်ပါ။ ဒီလို ရေစိမ်ထားတာက အာလူးထဲမှာရှိသည့် ပိုလျှံနေသည့် ကစီဓာတ်များကို ဖယ်ရှားတာဖြစ်ပြီး ကြွပ်ကြွပ်ရွရွဖြစ်အောင် လုပ်ပေးပါတယ်။

ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ။ ငရုတ်သီးများ ထည့်ပြီး မီးအေးအေးနဲ့ ကြော်ပါ။ ကြက်သွန်ဖြူထည့်ပြီး ၅ စက္ကန့်မှ ၁၀ စက္ကန့်လောက် ဆီနှင့် လှိမ့်လိုက်ပါ။ ကြက်သွန်ဖြူ မတူးစေပါနှင့်။

မီးပြန်မြှင့်ပြီး အာလူးထည့်၊ ဆား၊ သကြား၊ နှမ်းဆီ၊ ပဲငံပြာရည်အကြည်တို့ ထည့်ပြီး ကြော်ပါ။ ငရုတ်ပွသီး ထည့်ပြီး ကြွပ်အောင် ကြော်ပါ။ ပူနေ ကြွပ်နေတုန်းစားပါ။

Photos Credit: China Sichuan Food