အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပုစွန်၊ ဝက်သား၊ ကြက်ဥကြော်တို့နဲ့ ရောကြော်ထားတဲ့ ထမင်းကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • နှမ်းဆီ ၆၀ မီလီလီတာ
  • ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
  • ပုစွန် ၁ ပေါင် (အခွံခွာပြီး ရေဆေးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ပဲလုံးစိမ်းနှင့် ပြောင်းဖူးစေ့အနည်းငယ်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဝက်သားပြားကြော် ၄ ပြား
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်ဥထည့်ကာ ၂ မိနစ်၊ ၃ မိနစ် ခန့် ကြော်ပေးလိုက်ပါ။ ရရှိလာတဲ့ကြက်ဥကြော်ကို ပန်းကန်ထဲပြောင်းထည့်ထားပါ။

၂။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားသော ပုစွန်ကို ဒယ်အိုးထဲတွင် ၁ မိနစ်၊ ၂ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ ရရှိလာတဲ့ပုစွန်ကို ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၃။ ထို့နောက် ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထပ်ထည့်ပါ။ ထမင်းထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ပဲငံပြာရည်ထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ ၅ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ပြောင်းဖူးနှင့် ပဲလုံးစိမ်းတို့ထည့်ပြီး ၄ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။ မီးအပူချိန်ကို လျော့လိုက်ပြီးနောက် ထောပတ်ထည့်ကာ ထောပတ်များ အရည်ပျော်လာသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် စောစောကကြော်ထားသော ကြက်ဥ၊ ပုစွန်၊ ဝက်သားနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး သမအောင် ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပုစွန်နှင့် ဝက်သားထမင်းကြော်လေး ရရှိသွားပါပြီ။ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Thelittlekitchen.net