ပါဝင်ပစ္စည်းများ
- ပဲငါးပိ – ၁၀ ကျပ်သား
- ပုဇွန်
- ခရမ်းချဉ်သီး – ၂ လုံး (၄ စိတ်စိပ်ပါ)
- ငရုတ်သီးစိမ်း
- ကြက်သွန်ဖြူ
- နံနံပင်
ပြုလုပ်နည်း
အရင်ဆုံး ငရုတ်သီးနဲ့ ကြက်သွန်ဖြူ ထောင်းပြီး ဆီသတ်ပါ။
ပြီးလျှင် ခရမ်းချဉ်သီး ထည့်ပါ ။ ပုဇွန် ထပ်ထည့်မွှေပြီး ပဲငါးပိထည့်ကြော်ပါ။
ရေကို အကြမ်းပန်းကန် ၁ လုံးစာထည့် ၊ အရသာစိတ်ကြိုက် ပြင်ဆင်ကာ ကျက်ရင် ငရုတ်သီးစိမ်း ၊ နံနံပင်လေး အုပ်ပြီး သုံးဆောင်လို့ ရပါပြီ။