ပါဝင်ပစ္စည်းများ

  • ပုစွန်ဘော့ချိတ် – ၁၅ကျပ်သား
  • သခွားသီး(ကြီး) – ၁လုံး
  • ပုစွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း၂ဇွန်း
  • ငရုတ်သီးစိမ်း – ၂၀တောင့်
  • သံပုရာသီး – ၁လုံး

  • ပင်စိမ်းရွက် – ၁စည်း
  • အရသာမှုန် – အသင့်အတင့်
  • ဆား – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

၁။ ပုစွန်များကို ရေဆေး၍ ရဲနေအောင်လှော်ပြီး အခွံချွတ်ကာ မညက်တညက် ကြိတ်ပါ။ ငရုတ်သီးစိမ်းများကိုလည်း မညက်တညက် ထောင်း၍ ပင်စိမ်းရွက်ကို ပါးပါးလှီးထားပါ။

၂။ သခွားသီးကို အလယ်မှ ထက်ခြမ်းခွဲကာ အလယ် အူတိုင်နှင့် အစေ့များကို ခြစ်ထုတ်ပေးပါ။

၃။ ထို့နောက် ရေဆေး၍ ပန်းကန်တစ်ခုထဲသို့ သခွားသီးများကို ခြစ်ထည့်ကာ ပုစွန်လှော်ထောင်း၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းရွက်၊ သံပုရာရည်၊ အရသာမှုန့်၊ ဆားတို့ ထည့်၍ ဖွဖွလေး နယ်ပေးပါ။

၄။ အရသာစိတ်ကြိုက်ဖြစ်လျှင် ပန်းကန်တစ်ခုထဲသို့ပြောင်းထည့်၍ စားလို့ရပါပြီ။

Credit: Ei’s Cooking Diary