အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော်ကို မနက်စာအဖြစ် စားသုံးကြသူများအတွက် ဒီတစ်ခါမှာတော့ ပုစွန် ကြက်ဥထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၃ လုံး
- ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
- ပါးပါးလှီးထားသော မုန်လာဥနီ ပန်းကန်လုံးအသေးတစ်လုံးစာ
- ပဲလုံးစိမ်း ပန်းကန်လုံးအသေး တစ်လုံးစာ
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
- ထမင်း ပန်းကန်လုံး ၄ လုံးစာ
- ပုစွန် ပန်းကန်လုံး ၁ လုံးစာ
- ဆား အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံး အသေးတစ်လုံးထဲတွင် ကြက်ဥများ၊ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဆားအနည်းငယ်ထည့်ကာ သမအောင် မွှေခလောက်ထားပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်ဥထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၃။ ရရှိလာတဲ့ ကြက်ဥကြော်ကို အနေတော် လှီးဖြတ်ထားလိုက်ပါ။
၄။ ထိုဒယ်အိုးထဲသို့ပင် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက မုန်လာဥနီ၊ ပဲလုံးစိမ်းနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် မွှေပါ။
၅။ ထို့နောက် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ၅ မိနစ်ခန့် ကြော်ပါ။
၆။ ထို့နောက် ထမင်းထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။
၇။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ကျန်ရှိနေသော ဆီများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပါ။
၈။ ထို့နောက် ပုစွန်၊ ကြက်ဥကြော်၊ ကျန်ရှိနေသော ပဲငံပြာရည်တို့ထည့်ကာ ၂ မိနစ်ခန့်ကြော်ပါ။
အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပုစွန် ကြက်ဥ ထမင်းကြော်လေး ရရှိသွားပါပြီ။
Source: Fifteenspatulas.com