အာလုံးပဲ မင်္ဂလာပါ။ နေ့ခင်းနေ့လည်မှာ အကြော်စုံ၊ အသားလုံးကြော် စားပြီး ဗိုက်ဖြည့်ချင်သူများအတွက် ဒီတစ်ခါမှာတော့ ပုစွန်အသားလုံးကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ထောင်းထားသောဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆန်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ကြက်ဥအကာ ၁ လုံး
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်းနှင့် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီး အပူပေးထားပါ။

၂။ ပုစွန်ကို ဆေးကြော၊ သန့်စင်၊ အခွံခွာပြီးနောက် ဆားရေနွေးနွေးထဲတွင် ၅ မိနစ်ခန့် စိမ်ထားပါ။ ၅ မိနစ်ပြည့်ပါက ရေအေးဖြင့် ထပ်မံဆေးကြောပေးလိုက်ပါ။ ထို့နောက် ပုစွန်ကို နုပ်နုပ်စဉ်းပေးလိုက်ပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပုစွန်၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥအကာနှင့် ပြောင်းမှုန့်တို့ ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ ထို့နောက် ပုစွန်ကို လုံးပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ပုစွန်လုံးကို ဆီပူထဲတွင် ၃ မိနစ်၊ ၄ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ ပုစွန်လုံးများ အားလုံး ကြော်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပုစွန်လုံးကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com