အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပုစွန်ရဲ့ချိုတဲ့အရသာလေး စိမ့်ဝင်အောင် ချက်ပြုတ်ထားတဲ့ ကြက်ဥ ပြောင်းဖူး ပုစွန်ဟင်းချို ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ပုစွန် ၆ ကောင်
• ပြောင်းဖူးစေ့ အနည်းငယ်
• ကြက်ပြုတ်ရည် ၅၀၀ မီလီလီတာ
• ရေ ၂၅၀ မီလီလီတာ
• ဟင်းချက်ဆီ စားပွဲတင်ဇွန်း တစ်ဝက်

• ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
• ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း (ရေ ၆၀ မီလီလီတာဖြင့် ရောမွှေထားလိုက်ပါ)
• တရုတ်နံနံ (သို့) ကြက်သွန်မြိတ် (အလှဆင်ရန်အတွက်)
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို အခွံချွတ်ထားပြီး ရေစင်အောင် ဆေးထားပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ဖတ်ထားပါ။

၂။ အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက ပုစွန်များကို မကျက်တကျက်ကလေး ကြော်လိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ခပ်ထည့်လိုက်ပါ။

၃။ ထိုအိုးထဲသို့ပင် ကြက်ပြုတ်ရည်၊ ရေနှင့် ပြောင်းဖူးများ ထည့်ပြုတ်လိုက်ပါ။ ဆူပွက်လာသည်အထိ တည်ပေးလိုက်ရပါမယ်။

၄။ ထို့နောက် ပြောင်းမှုန့်အရည်များ အိုးထဲသို့ထည့်ပြီး ဇွန်းဖြင့် သမအောင် မွှေပေးလိုက်ပါ။

၅။ တစ်မိနစ်ခန့်ကြာသောအခါ မီးအပူချိန်ကို ပိတ်လိုက်ပြီးနောက် မွှေခလောက်ထားသော ကြက်ဥများကို လက်တစ်ဖက်က အိုးထဲသို့ လောင်းထည့်ပြီးနောက် ကျန်တစ်ဖက်ဖြင့် ဟင်းရည်ကို ဇွန်းဖြင့် မွှေပေးလိုက်ပါ။

၆။ ထို့နောက် ပုစွန်များ ထည့်ပြီး တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ ကြက်ဥ ပြောင်းဖူး ပုစွန်ဟင်းချိုလေး ရရှိသွားပါပြီ။ ထမင်းစားခါနီးကျမှ ဟင်းချိုထဲသို့ တရုတ်နံနံ (သို့) ကြက်သွန်မြိတ်လေးထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Souperdiaries.com