မနက်စာအဖြစ် ထမင်းကြော် ကြော်စားလေ့ရှိသူများအတွက် ဒီတစ်ခါ ဝေမျှပေးမယ့် ထမင်းကြော်ကတော့ ပုစွန် ကြက်ဥထမင်းကြော်ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၃ လုံး
- ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
- မုန်လာဥနီ အလုံးကြီး ၁ လုံး (လေးထောင့် အတုံးငယ် တုံးထားလိုက်ပါ)
- ပဲလုံးစိမ်း ပန်းကန်လုံး အသေး တစ်လုံးစာ
- ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
- ထမင်း ပန်းကန်လုံး ၄ လုံးစာ (လူ ၄ ယောက်စာ)
- ပုစွန် ၃၂၀ ဂရမ်
- ဆား အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ကြက်ဥ ၃ လုံးကို ရေ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား အနည်းငယ် (သို့) ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် မွှေခလောက်ထားလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ဆီပူလာပါက ကြက်ဥထည့်ကြော်လိုက်ပါ။ ရရှိလာတဲ့ ကြက်ဥကြော်ကို လေးထောင့်အတုံးငယ် တုံးထားလိုက်ပါ။
၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထပ်ထည့်ပါ။ ဆီပူလာပါက မုန်လာဥနီ၊ ပဲလုံးစိမ်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပါ။ ထို့နောက် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ၅ မိနစ်ခန့် မွှေကြော်ပေးရပါမယ်။
၄။ မုန်လာဥနီများ ပျော့သွားပါက ထမင်းထည့်ပြီး ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။
၅။ ထို့နောက် ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ကျန်ရှိနေသော ဆီတို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် သမအောင် ကြော်ပေးလိုက်ပါ။
၆။ ပြီးတာနဲ့ ပုစွန်၊ ကြက်ဥ၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပုစွန် ကြက်ဥထမင်းကြော်လေး ရရှိသွားပါပြီ။
Source: Fifteenspatulas.com