မနက်စာအဖြစ် ထမင်းကြော် ကြော်စားလေ့ရှိသူများအတွက် ဒီတစ်ခါ ဝေမျှပေးမယ့် ထမင်းကြော်ကတော့ ပုစွန် ကြက်ဥထမင်းကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • မုန်လာဥနီ အလုံးကြီး ၁ လုံး (လေးထောင့် အတုံးငယ် တုံးထားလိုက်ပါ)
  • ပဲလုံးစိမ်း ပန်းကန်လုံး အသေး တစ်လုံးစာ
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ထမင်း ပန်းကန်လုံး ၄ လုံးစာ (လူ ၄ ယောက်စာ)
  • ပုစွန် ၃၂၀ ဂရမ်
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၃ လုံးကို ရေ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား အနည်းငယ် (သို့) ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် မွှေခလောက်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ဆီပူလာပါက ကြက်ဥထည့်ကြော်လိုက်ပါ။ ရရှိလာတဲ့ ကြက်ဥကြော်ကို လေးထောင့်အတုံးငယ် တုံးထားလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထပ်ထည့်ပါ။ ဆီပူလာပါက မုန်လာဥနီ၊ ပဲလုံးစိမ်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပါ။ ထို့နောက် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ၅ မိနစ်ခန့် မွှေကြော်ပေးရပါမယ်။

၄။ မုန်လာဥနီများ ပျော့သွားပါက ထမင်းထည့်ပြီး ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၅။ ထို့နောက် ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ကျန်ရှိနေသော ဆီတို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် သမအောင် ကြော်ပေးလိုက်ပါ။

၆။ ပြီးတာနဲ့ ပုစွန်၊ ကြက်ဥ၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပုစွန် ကြက်ဥထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Fifteenspatulas.com