အားလုံးပဲ မင်္ဂလာပါ။ အရသာရှိတဲ့ ပုစွန်ဖက်ထုပ်ကြော်လေးကို အိမ်မှာပဲ မိမိဘာသာ အလွယ်တကူမကြော်စားချင်ကြဘူးလား။
ပါဝင်ပစ္စည်းများ
- ပါးပါးလှီးထားသော ဂေါ်ဖီထုပ် ပန်းကန်လုံးတစ်ခွက်စာ
- ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ကြက်သွန်မြိတ် ၄ ပင်နှင့် ကြက်သွန်ဖြူ ၂ မြွှာ
- ပုစွန် ၁/၂ ပေါင်နှင့် ပုစွန်ခြောက် စားပွဲတင်ဇွန်း တစ်ဇွန်း
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
- နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆန်မှုန့် စားပွဲတင်ဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဂျုံမှုန့်အပြားဝိုင်း ၁၈ ပြား
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၈ ဇွန်းခန့်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂေါ်ဖီများထည့်ပြီး ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ကာ သမအောင် ရောမွှေပါ။ ၁၅ မိနစ် ထားထားပါ။
၂။ ဂေါ်ဖီကို အရည်စင်အောင် ညှစ်ပြီးနောက် ပန်းကန်လုံးထဲ ပြန်ထည့်ပါ။
၃။ ထိုပန်းကန်လုံးထဲသို့ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ပုစွန်၊ ပဲငံပြာရည်၊ နှမ်းဆီ၊ သကြား၊ ဆန်မှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။
၎။ ဂျုံမှုန့် အပြားဝိုင်း ၁၈ ပြားကို မျက်နှာပြင်တစ်ခုပေါ်တွင် ဖြန့်ကျက်ထားပါ။
၅။ စောစောက ရောနယ်ထားသော အစာသွပ်များကို စားပွဲတင်ဇွန်း တစ်ဇွန်း စာခန့်စီ ခပ်ထုပ်ပြီး ဂျုံပြားရဲ့ အလယ်ဗဟိုတည့်တည့်မှာ ထည့်ထားလိုက်ပါ။
၆။ ထို့နောက် ဂျုံပြားကို လခြမ်းပုံသဏ္ဍာန် ခေါက်ချလိုက်ပြီး အနားသားများကို လေမဝင်အောင် တင်းတင်းကြပ်ကြပ်လေး ဖိကပ်လိုက်ပါ။
၇။ ဒယ်အိုးတစ်လုံးကို မီးအပူပြင်းပြင်းပေးထားပြီး ဆီထည့်ကာ ဆီပူလာပါက လခြမ်းပုံ ခေါက်ထားသော ဖက်ထုပ်များကို ထည့်ကြော်လိုက်ပါ။ တစ်မိနစ်ပြည့်ပါက ရေထည့်ပြီး ဒယ်အိုးကို အနည်းငယ်လှုပ်ခါပြီးနောက် အဖုံးအုပ်ထားပါ။
၈။ ၅ မိနစ်၊ ၆ မိနစ်ခန့် ကြာပါက ရေများ ခမ်းသွားပြီး ဖက်ထုပ်ကြော်က ကြွပ်ကြွပ်ရွရွလေးဖြစ်သွားကာ ရွှေညိုရောင် ပြောင်းသွားပါလိမ့်မယ်။ (ဒယ်အိုးက သေးပြီး တစ်ခေါက်တည်းနဲ့ ဖက်ထုပ်အားလုံးကြော်လို့ မပြီးပါက နှစ်ခေါက် သုံးခေါက် ခွဲကြော်ပေးပါ)
၉။ မီးပိတ်လိုက်ပြီး ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။
ဒါဆိုရင် လခြမ်းပုံ ပုစွန်ဖက်ထုပ်ကြော် ပူပူလေး ရရှိသွားပြီဖြစ်လို့ မိမိစိတ်ကြိုက်အချဉ်ရည်တို့နဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: pickledplum.com