ပုစွန်ကြိုက်သူများအတွက် ပုစွန်ကို ကြက်ဥ၊ ဂျုံမှုန့်တို့နဲ့ကပ်ပြီး အရသာရှိရှိလေး ကြော်စားနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ ပုစွန်တန်ပူရာကြော်လို ဒီအတိုင်းအချဉ်နဲ့တို့စားလို့လည်းရသလို၊ ထမင်းဖြူကို ဆီနဲ့ဆားနဲ့နယ်ပြီး စားလည်း ထမင်းမိန်စေပါတယ်။

ပန်းကန်လုံးထဲကို ကြက်ဥ ၂ လုံးဖောက်ထည့်ပြီး ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်နဲ့ နံနံပင်အခြောက်ရှိရင် နည်းနည်းထည့်ပြီး မွှေပါ။

နောက်ထပ်ပန်းကန်လုံးထဲကို ဂျုံမှုန့်ထည့်ထားပါ။

ပုစွန်ကိုသေချာသန့်စင်၊ ရေဆေးပြီးရင် ရေစုပ်သွားအောင် ဆီစုပ်စက္ကူနဲ့ သုတ်ပေးပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ပုစွန်ကို တစ်ကောင်ချင်းယူပြီး ဂျုံမှုန့် ပန်းကန်ထဲထည့်နယ်၊ ပြီးရင် ကြက်ဥပန်းကန်ထဲထည့်စိမ်၊ ပြီးရင်တော့ ဆီအိုးထဲထည့်ကြော်လိုက်ရုံပါပဲ။

ကြော်တာရပြီဆိုရင် ပန်းကန်ထဲခူးထုတ်ပြီး အချဉ်လေးနဲ့တို့ကာ ကိုယ်အဆင်ပြေသလို စားသုံးနိုင်ပါပြီ။

Source: www.onemealaday