အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပင်လယ်စာ ကြိုက်နှစ်သက်သူများအတွက် ပုစွန် ပန်ကိတ်ကြော် ပြင်ဆင်ကြော်လှော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၆ ကောင်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်ဥ ၂ လုံး
  • ဆီ အနည်းငယ်

  • ဆား အနည်းငယ်
  • မုန်ညှင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေအေး လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်များကို အခွံခွာထားပြီးနောက် ရေဆေးထားလိုက်ပါ။

၂။ ထို့နောက် ပုစွန်တစ်ကောင်ချင်းစီကို အမြီးကနေ ခေါင်းအထိ ထက်ခြမ်းခွဲလိုက်ပါ။

၃။ ပြီးရင်တော့ ပုစွန်ရဲ့တစ်ဖက်တစ်ခြမ်းစီကို ဓားဖြင့် မွှန်းပေးလိုက်ပါ။

၄။ ထို့နောက် ပုစွန်များကို လင်ဗန်းတစ်ချပ်ပေါ်တွင် အစီအရီ တင်ထားလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်း ဖြူးပါ။

ပန်းကန်လုံးအသေးတစ်လုံးတွင် မုန်ညှင်းမှုန့်နှင့် ရေတို့ကို သမအောင် ရောမွှေလိုက်ပါ။

၅။ ရရှိလာတဲ့ မုန်ညှင်းနှစ်များကို ပုစွန်ပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။

၆။ ထို့နောက် ဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၇။ အခြားပန်းကန်လုံးတွင် ကြက်ဥ ၂ လုံးကို ဆားအနည်းငယ်ဖြင့် သမအောင် မွှေခလောက်ပေးလိုက်ပါ။

၈။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပုစွန်များကို ကြက်ဥထဲ ထည့်နှစ်ပြီးနောက် ဆီပူထဲတွင် ၁ မိနစ်၊ ၂ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်က ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံး ကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ပုစွန် ပန်ကိတ်ကြော်လေးများ ရရှိသွားပါပြီ။

Source: Maangchi.com