အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပုစွန်ကြိုက်နှစ်သက်သူများအတွက် အရသာရှိတဲ့ ပုစွန်အသားလုံးကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင်
  • ငရုတ်ပွ အဝါရောင် ၁ လုံး
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း

  • သံပုယိုသီး ၁ လုံး (သံပုယိုခွံကို ဓားဖြင့် ခြစ်ချထားပါ)
  • ကြက်ဥ ၁ လုံး
  • ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၈ ဇွန်း
  • မိရောနိစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား အနည်းငယ်

ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်ပွတို့ ကြိတ်ရာမှ ထွက်လာသော အရည်
  • ကြက်သွန်ဖြူ ၃ မြွှာ (ဓားပြားရိုက်ထားပါ)
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်ပွကို အစေ့နှင့် အလယ်အူတိုင်များ ဖယ်ရှားပါ။ ထို့နောက် ပါးပါးလှီးပါ။ အစားအစာကြိတ်စက်ထဲထည့်ပါ။ ထို့နောက် ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

ရရှိလာတဲ့ အနှစ်များကို ပန်းကန်လုံးအကြီးထဲသို့ ပြောင်းထည့်ပါ။ ထို့နောက် အရည်စင်အောင် ညှစ်ပါ။ အဖတ်နှင့် အရည်ကို သပ်သပ် ဖယ်ထားပြီးနောက် အရည်ကို ဆော့စ်ပြုလုပ်ရန်အတွက် ပန်းကန်လုံးအသေးထဲ ထည့်ထားပါ။

၂။ အခွံခွာပြီး ရေဆေးသန့်စင်ထားသော ပုစွန်များကို ကြိတ်စက်ထဲထည့်ကာ ညှက်နေအောင် ကြိတ်ပါ။ ထို့နောက် စောစောကကြက်သွန်ပန်းကန်ထဲ ထည့်ထားပါ။

ကြက်ဥ၊ ပေါင်မုန့်အကြေအစများ၊ ဆား၊ မိရောနိစ်၊ ကြက်သွန်မြိတ်၊ ခြစ်ထားသော သံပုယိုခွံများထည့်ကာ သမအောင် နယ်ပါ။

ထို့နောက် ပုစွန်အသားလုံးလေးများဖြစ်သွားအောင် လုံးပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ပုစွန်အသားလုံးများထည့်ကာ ၇ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ပုစွန်အသားလုံးများ တင်းတင်းရင်းရင်းလေးဖြစ်သွားပါက ပန်းကန်ထဲသို့ ဆယ်ထည့်ထားပါ။

၄။ ထို့နောက် ဆော့စ်ပြုလုပ်ရန်အတွက် ဒယ်အိုးထဲသို့ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူများထည့်ကာ ဆီသတ်ပါ။ ထို့နောက် ဝိုင်ဖြူ ထည့်ကာ ၁ မိနစ်ခန့် တည်ပါ။ ထောပတ်၊ ဖယ်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ပွအရည်၊ ဆားအညန်းငယ်ထည့်ကာ အဖုံးအုပ်ပြီး ၂ မိနစ်ခန့် တည်ပါ။

၅။ ထို့နောက် ပုစွန်အသားလုံးကြော်ကို ဒယ်အိုးထဲသို့ ပြန်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်အသားလုံးကြော်များ ရရှိသွားပါပြီ။

Source: Willcookforsmiles.com