အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပုစွန် ချဉ်ငန်စပ်ဟင်းတစ်ခွက် ချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပုစွန် အကောင်ကြီး ၁ ပေါင်ခွဲ (အခွံခွာထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ဝိုင်ဖြူ (သို့) ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးထဲသို့ ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး အရည်ဖျော်ထားပါ။ ကြက်သွန်ဖြူထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၂။ ထို့နောက် ပုစွန်ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်လိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁ မိနစ်ခန့် ဆက်ကြော်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ကြက်ပြုတ်ရည် (သို့) ဝိုင်ဖြူ၊ ငရုတ်သီးမှုန့်ထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားပါ။

၄။ ထို့နောက် ကျန်ရှိနေတဲ့ ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုယိုရည်နှင့် နံနံပင်တို့ထည့်ပါ။ သမအောင် မွှေပြီးတဲ့နောက်မှာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ပြီးရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ချဉ်ငန်စပ်အရသာ ပုစွန်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Cravinghomecooked.com