အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ဖက်ထုပ်ချစ်သူများအတွက် လျှာလည်သွားစေမယ့် အသားဖက်ထုပ်ပြုတ်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၁ လုံး
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဂျုံမှုန့် ပန်းကန်လုံး ၄ လုံးစာ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • အမဲသား ဝ.၅ ပေါင်နှင့် ဝက်သား ဝ.၅ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ ၃ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ (သို့) ဟင်းရွက်ပြုတ်ရည် ၁ လီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥ၊ နွားနို့၊ ရေ၊ ဆီနှင့် ဆားတို့ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

ထို့နောက် ဂျုံမှုန့်ထည့်ကာ သစ်သားယောင်းမဖြင့် သမအောင် နယ်လိုက်ပါ။

၂။ ရရှိလာတဲ့ ဂျုံလုံးကို စဉ်းနီတုံးပေါ် တင်လိုက်ပြီး လက်ဖြင့် ၅ မိနစ်၊ ၈ မိနစ်ခန့် လုံးပေးလိုက်ပါ။

တစ်ဖန် ရရှိလာတဲ့ ဂျုံလုံးအကြီးကို ဇလုံထဲ ပြန်ထည့်ပြီးနောက် ပလပ်စတစ်အုပ်လိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ ခန့် ထားထားလိုက်ပါ။

၃။ ထိုအချိန်တွင် အမဲသား၊ ဝက်သားတို့ကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်လိုက်ပါ။

၄။ မိနစ် ၃၀ ပြည့်တဲ့အခါမှာတော့ ဂျုံလုံးကို အတုံးသေးသေးလေးများ လှီးဖြတ်လိုက်ပါ။ ထို့နောက် ဂျုံလုံးတစ်ခုချင်းစီကို ဒလှိမ့်တုံးဖြင့် ပြားနေအောင် လှိမ့်ပေးလိုကပါ။

၅။ ဂျုံက ပြားသွားပြီဆိုရင်တော့ ကွတ်ကီးဖြတ်စက်ဖြင့် စက်ဝိုင်းပုံသဏ္ဍာန် ဖြတ်ပေးလိုက်ပါ။

၆။ စက်ဝိုင်းပုံသဏ္ဍာန် ဂျုံပြားများပေါ်တွင် နယ်ထားသော အသား စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ကို တင်ထားလိုက်ပါ။

၇။ ထို့နောက် ဂျုံပြားကို လခြမ်းပုံသဏ္ဍာန် ထက်ခြမ်း ခေါက်လိုက်ပြီးနောက် လခြမ်းအစွန်းနှစ်ဖက်ကို အလယ့်တည့်တည့်သို့ ကွေးလိုက်ပြီး အစွန်းတစ်ဖက်နှင့်တစ်ဖက်ကို ထပ်ထားလိုက်ပါ။

၈။ အိုးတစ်လုံးထဲတွင် ရေ (သို့) ကြက်ပြုတ်ရည်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူလာတဲ့အခါမှာတော့ ဖက်ထုပ်လိပ်များထည့်ကာ ၈ မိနစ်ခန့် ပြုတ်လိုက်ပါ။

၉။ ဖက်ထုပ်ပြုတ်များက ရေမျက်နှာပြင်ပေါ်သို့ တက်လာပြီး ပေါလောပေါ်လာပြီဆိုရင်တော့ ဖက်ထုပ်များကို ဆယ်ယူလို့ရပါပြီ။

၁၀။ ဖက်ထုပ်ပြုတ်များကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ပြီးနောက် ထောပတ်များ ဆမ်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အသားဖက်ထုပ်ပြုတ်လေး ရရှိသွားပါပြီ။

Source: Blog.arousingappetites.com