အားလုံးပဲမင်္ဂလာပါနော်။ စီချွမ်စတိုင်လ် ငါးပြုတ် (သို့) Shui Zhu Yuလို့ခေါ်တဲ့ အစားအစာက တရုတ်နိုင်ငံ စီချွမ်ဒေသမှာ နာမည်ကျော်တဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ငါးပြုတ်ပေါ်မှာ ဆီပူပူလေး လောင်းထည့်လိုက်ပြီး ငရုတ်သီးစပ်စပ်လေးတွေနဲ့ စားရတာမျိုးပါနော်။ ဘယ်လိုလုပ်သလဲဆိုတာ ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်း
ငါး ၁ ပေါင်ခန့်
ဆား အနည်းငယ်
ငရုတ်ကောင်းမှုန့် (အဖြူ) လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်ဥ အကာ ၁ လုံး
ကော်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း ခွဲ
ဆီ အနည်းငယ်
ကြက်ပြုတ်ရည် ၃ ခွက်
ဂျင်း ၅ ပြား
ကြက်သွန်ဖြူ ၃ မွှာ

Source: Historic UK
ကြက်သွန်မြိတ် ၂ ချောင်း
ပဲပင်ပေါက် အနည်းငယ်
ငရုတ်သီးအနီအစပ်သီး ခွက်တစ်ဝက်
စီချွမ် Peppercorn လို့ခေါ်တဲ့ ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး ငါးလေးတွေကို ၄၅ ဒီဂရီ စောင်းပြီး ပါးပါးလှီးပါ။ ပြီးရင်တော့ ရေဆေးလိုက်ပါ။

ငါးထဲကို ဆား၊ ငရုတ်ကောင်းမှုန့်အဖြူ၊ ဆန်ဖြူတို့ထည့်ပြီး နယ်ပေးလိုက်ပါ။ ပြီးရင်တော့ ကြက်ဥအကာ၊ ကော်မှုန့်ထည့်လိုက်ပါ။ ဆီနည်းနည်းထည့်ပြီး မိနစ် ၂၀ လောက် နှပ်ထားပါ။ပြီးရင်တော့ တခြားပါဝင်ပစ္စည်းတွေကိုလည်းအသင့်ပြင်ထားလိုက်ပါ။


အိုးကိုအပူပေးလိုက်ပြီး ကြက်ပြုတ်ရည်၊ ရေအနည်းငယ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့် (အဖြူ) အနည်းငယ်၊ ပဲပင်ပေါက်တို့ထည့်ပြီးပြုတ်လိုက်ပါ။ ဆူလာရင် ၁ မိနစ်လောက်ထားပြီး ရေဆစ်လိုက်ပါ။

ပြီးရင်ခွက်တစ်ခုထဲထည့်ထားလိုက်ပါ။
ဒယ်အိုးထဲမှာ ဆီ ခွက် တစ်ဝက်လောက်ထည့်လိုက်ပြီးအပူပေးလိုက်ပါ။  

ဆီကိုအပူပေးထားတဲ့အချိန်မှာ စောစောက သည်ထားတဲ့ ရေကို ပြန်အပူပေးလိုက်ပြီး ငါးကို ခဏလောက်ထည့်ပြုတ်လိုက်ပါ။ ဆူလာပြီဆိုရင်တော့ ငါးရဲ့အပေါ်ကနေ စောစောက အသီးအရွက်ပြုတ်ထားတာထည့်လိုက်ပါ။ ငရုတ်သီးနဲ့ စီချွမ် ငရုတ်ကောင်းကိုလည်းထည့်လိုက်ပါ။



ပြီးရင် ဆီအပူပေးထားတာကို လောင်းထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ခဏလောက်ထားထားပြီး ပူပူလေးသုံးဆောင်နိုင်ပါတယ်နော်။

www.thewoksoflife.com
By: MyFood Myanmar