(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဝက်သားကြော်နည်း အမျိုးမျိုးရှိတဲ့အနက် ဒီတစ်ခါမှာတော့ တရုတ်စတိုင်လ် ဝက်သားကြွပ်ကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သား ၁၀၀၀ ဂရမ်
- ဆား စားပွဲတင်ဇွန်း တစ်ဝက်
- ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
- ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်ဥ ၅ လုံး
- ရေ ၁၀၀ မီလီလီတာ
- ပြောင်းမှုန့် ၅၀၀ ဂရမ်
- ဆီ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပြောင်းမှုန့်နှင့် ဆား စားပွဲတင်ဇွန်း တစ်ဝက်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ကြက်ဥများကို ဖောက်ထည့်လိုက်ပါ။ ထို့နောက် ရေ ၁၀၀ မီလီလီတာထည့်ပြီး မုန့်နှစ်ရအောင် မွှေပေးလိုက်ပါ။ ထို့နောက် မိနစ် ၃၀ ခန့် ထားထားလိုက်ပါ။
၂။ ဝက်သားကို ၃ စင်တီမီတာပတ်လည် အတုံး တုံးထားကာ ပန်းကန်လုံးအသေးတစ်လုံးထဲထည့်ပြီးနောက် ဆား စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဟင်းချက်ဝိုင်၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်ကောင်းစေ့တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။
ထို့နောက် အဆင့် (၁) က နယ်ထားသော မုန့်နှစ်ဖြင့် ဝက်သားများကို ရောနှောထားလိုက်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားများထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဝက်သားများ အားလုံး ကြော်ပြီးပါက ပိုလျှံနေသော ဆီများကို ဖယ်ထုတ်လိုက်ပါ။ (ဒယ်အိုးထဲတွင် ဆီအနည်းငယ်ကိုတော့ ချန်ထားပေးလိုက်ပါ)
၄။ ထို့နောက် ဝက်သားကြော်များ အားလုံးကို ဒယ်အိုးထဲလောင်းထည့်ပြီး စက္ကန့် ၃၀ ခန့် ထပ်ကြော်ပေးလိုက်ပါ။
ဒါဆိုရင်တော့ ဝက်သားကြော်က ကြွပ်ရွသွားပါပြီ။ အရသာရှိတဲ့ ဝက်သားကြွပ်ကြော်ကို မိမိနှစ်သက်ရာ အချဉ်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
Source: Chinasichuanfood.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဝက္သားေၾကာ္နည္း အမ်ိဳးမ်ိဳးရွိတဲ့အနက္ ဒီတစ္ခါမွာေတာ့ တရုတ္စတိုင္လ္ ဝက္သားၾကြပ္ေၾကာ္ ေၾကာ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ဝက္သား ၁၀၀၀ ဂရမ္
- ဆား စားပြဲတင္ဇြန္း တစ္ဝက္
- ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း တစ္ဇြန္း
- ငရုတ္ေကာင္းေစ့ စားပြဲတင္ဇြန္း ၁ ဇြန္း
- ခရုဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
- ၾကက္ဥ ၅ လံုး
- ေရ ၁၀၀ မီလီလီတာ
- ေျပာင္းမႈန္႔ ၅၀၀ ဂရမ္
- ဆီ
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ပန္းကန္လံုးအႀကီးတစ္လံုးထဲတြင္ ေျပာင္းမႈန္႔ႏွင့္ ဆား စားပြဲတင္ဇြန္း တစ္ဝက္တို႔ကို သမေအာင္ ေရာေမႊေပးလိုက္ပါ။ ၾကက္ဥမ်ားကို ေဖာက္ထည့္လိုက္ပါ။ ထို႔ေနာက္ ေရ ၁၀၀ မီလီလီတာထည့္ၿပီး မုန္႔ႏွစ္ရေအာင္ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ မိနစ္ ၃၀ ခန္႔ ထားထားလိုက္ပါ။
၂။ ဝက္သားကို ၃ စင္တီမီတာပတ္လည္ အတံုး တံုးထားကာ ပန္းကန္လံုးအေသးတစ္လံုးထဲထည့္ၿပီးေနာက္ ဆား စားပြဲတင္ဇြန္း ၁ ဇြန္း၊ ဟင္းခ်က္ဝိုင္၊ ခရုဆီ၊ ငရုတ္ေကာင္းမႈန္႔၊ ငရုတ္ေကာင္းေစ့တို႔ျဖင့္ သမေအာင္ နယ္ထားလိုက္ပါ။
ထို႔ေနာက္ အဆင့္ (၁) က နယ္ထားေသာ မုန္႔ႏွစ္ျဖင့္ ဝက္သားမ်ားကို ေရာေႏွာထားလိုက္ပါ။
၃။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ပါ။ ဆီပူလာပါက ဝက္သားမ်ားထည့္ကာ ၃ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။ ဝက္သားမ်ား အားလံုး ေၾကာ္ၿပီးပါက ပိုလွ်ံေနေသာ ဆီမ်ားကို ဖယ္ထုတ္လိုက္ပါ။ (ဒယ္အိုးထဲတြင္ ဆီအနည္းငယ္ကိုေတာ့ ခ်န္ထားေပးလိုက္ပါ)
၄။ ထို႔ေနာက္ ဝက္သားေၾကာ္မ်ား အားလံုးကို ဒယ္အိုးထဲေလာင္းထည့္ၿပီး စကၠန္႔ ၃၀ ခန္႔ ထပ္ေၾကာ္ေပးလိုက္ပါ။
ဒါဆိုရင္ေတာ့ ဝက္သားေၾကာ္က ၾကြပ္ရြသြားပါၿပီ။ အရသာရွိတဲ့ ဝက္သားၾကြပ္ေၾကာ္ကို မိမိႏွစ္သက္ရာ အခ်ဥ္၊ ေဆာ့စ္တို႔ျဖင့္ အရသာရွိရွိ သံုးေဆာင္ႏိုင္ပါၿပီ။
Source: Chinasichuanfood.com