အားလုံးပဲ မင်္ဂလာပါ။ ဖက်ထုပ်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဝက်သားဖက်ထုပ်ပြုတ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၄၀၀ ဂရမ်
  • ဖက်ထုပ်လိပ်ရန် ဂျုံပြား ၁ ထုပ်
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားေးသာ ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဂျင်း၊ ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းစေ့တို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ရေနွေးပူ စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ထည့်ပါ။

၂။ အသားကြိတ်စက်ထဲတွင် ဝက်သားများထည့်ကာ သမအောင် ကြိတ်လိုက်ပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ပဲငံပြာရည်တို့ထည့်ကာ ၈ စက္ကန့်ခန့် သမအောင် ထပ်မွှေပါ။ ထို့နောက် အဆင့် (၁) က မွှေထားသော ရေနွေးပူများကို အဖတ်မပါစေဘဲ အရည်များ လောင်းထည့်လိုက်ပါ။ ကြက်ဥ ၁ လုံး ဖောက်ထည့်ကာ ၁၅ စက္ကန့်ခန့် ထပ်မွှေလိုက်ပါ။

၃။ ရရှိလာတဲ့ ဝက်သားများကို ပန်းကန်လုံးထဲထည့်ပြီးနောက် နှမ်းဆီနှင့် ပြောင်းမှုန့်တို့ဖြင့် သမအောင် နယ်ပါ။

၄။ ထို့နောက် ဂျုံပြားရဲ့အလယ်တည့်တည့်တွင် ဝက်သားအစာသွပ်များထည့်ပါ။ ဂျုံပြားရဲ့အနားသတ်များကို ရေဖြင့် ဆွတ်ပေးပြီးနောက် ဖက်ထုပ်ကို လခြမ်းပုံသဏ္ဍာန် လိပ်ပေးလိုက်ပါ။

၅။ ဒန်အိုးအကြီးတစ်လုံးတွင် ရေ ထည့်ပါ။ ဆားအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ပါ။ ထို့နောက် ဖက်ထုပ်များထည့်ကာ ပွက်ပွက်ဆူလာအောင် ထပ်တည်လိုက်ပါ။

၅ မိနစ်၊ ၈ မိနစ်ခန့် တည်ပြီးတဲ့နောက်မှာတော့ ဖက်ထုပ်များကို ဆယ်ယူလို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သား ဖက်ထုပ်ပြုတ်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Chinasichuanfood.com