(Unicode)
ကြက်ဥကြော်၊ ကြက်ဥဟင်းချည်းပဲ စားနေရတာ ငြီးငွေ့လာနေပြီဆိုသူတွေအတွက် ဒီတစ်ခါမှာတော့ ကြက်ဥပေါင်းပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၃ လုံး (မွှေခလေက်ထားပါ)
- ကြက်ဥရည်ပမာဏနှင့် ညီမျှသော ကြက်ပြုတ်ရည်နှင့် ရေ
- နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်
- ဆားအနည်းငယ်
- ကြက်သွန်မြိတ်အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ကြက်ဥ ၃ လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ပြီးနောက် ဆားအနည်းငယ်ထည့်ကာ ၁ မိနစ်ခန့် မွှေခလောက်ပေးလိုက်ပါ။
၂။ ထို့နောက် ကြက်ပြုတ်ရည်၊ ရေနှင့် မွှေခလောက်ထားသော ကြက်ဥတို့ကို ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပေါင်းထည့်ကာ နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်လိုက်ပါ။ ထို့နောက် သမအောင် မွှေခလောက်ပေးလိုက်ပါ။
၃။ ထိုကြက်ဥအရောအနှောကို အပူဒဏ်ခံနိုင်သော ပန်းကန်လုံးထဲထည့်လိုက်ပါ။ ထို့နောက် ပလပ်စတစ်အိတ်ဖြင့် ပိတ်ပြီးနောက် အပေါက်ငယ်လေးများ ဖောက်ထားလိုက်ပါ။
၄။ ဒယ်အိုးတစ်လုံးထဲသို့ ရေထည့်ပြီး အပူပေးထားပါ။ ထို့နောက် အပေါက်ဖောက်ထားသော ကြက်ဥပန်းကန်ကို ဒယ်အိုးထဲထည့်ထားလိုက်ပြီး ၁၀ မိနစ်ခန့် ပေါင်းထားလိုက်ပါ။
အချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ဥပေါင်းလေး ရရှိသွားပါပြီ။
Source: Asianfoodnetwork.com
(Zawgyi)
ၾကက္ဥေၾကာ္၊ ၾကက္ဥဟင္းခ်ည္းပဲ စားေနရတာ ၿငီးေငြ႔လာေနၿပီဆိုသူေတြအတြက္ ဒီတစ္ခါမွာေတာ့ ၾကက္ဥေပါင္းျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ၾကက္ဥ ၃ လံုး (ေမႊခေလက္ထားပါ)
- ၾကက္ဥရည္ပမာဏႏွင့္ ညီမွ်ေသာ ၾကက္ျပဳတ္ရည္ႏွင့္ ေရ
- ႏွမ္းဆီ စားပြဲတင္ဇြန္း တစ္ဝက္
- ဆားအနည္းငယ္
- ၾကက္သြန္ၿမိတ္အနည္းငယ္
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ၾကက္ဥ ၃ လံုးကို ပန္းကန္လံုးထဲ ေဖာက္ထည့္ၿပီးေနာက္ ဆားအနည္းငယ္ထည့္ကာ ၁ မိနစ္ခန္႔ ေမႊခေလာက္ေပးလိုက္ပါ။
၂။ ထို႔ေနာက္ ၾကက္ျပဳတ္ရည္၊ ေရႏွင့္ ေမႊခေလာက္ထားေသာ ၾကက္ဥတို႔ကို ပန္းကန္လံုးအႀကီးတစ္လံုးထဲတြင္ ေပါင္းထည့္ကာ ႏွမ္းဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းထည့္လိုက္ပါ။ ထို႔ေနာက္ သမေအာင္ ေမႊခေလာက္ေပးလိုက္ပါ။
၃။ ထိုၾကက္ဥအေရာအေႏွာကို အပူဒဏ္ခံႏိုင္ေသာ ပန္းကန္လံုးထဲထည့္လိုက္ပါ။ ထို႔ေနာက္ ပလပ္စတစ္အိတ္ျဖင့္ ပိတ္ၿပီးေနာက္ အေပါက္ငယ္ေလးမ်ား ေဖာက္ထားလိုက္ပါ။
၄။ ဒယ္အိုးတစ္လံုးထဲသို႔ ေရထည့္ၿပီး အပူေပးထားပါ။ ထို႔ေနာက္ အေပါက္ေဖာက္ထားေသာ ၾကက္ဥပန္းကန္ကို ဒယ္အိုးထဲထည့္ထားလိုက္ၿပီး ၁၀ မိနစ္ခန္႔ ေပါင္းထားလိုက္ပါ။
အခ်ိန္ျပည့္တဲ့အခါမွာေတာ့ အရသာရွိတဲ့ ၾကက္ဥေပါင္းေလး ရရွိသြားပါၿပီ။
Source: Asianfoodnetwork.com