အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာ ပုစွန်ကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဝက်သားနဲ့ ပုစွန်တို့ ရောကြော်ထားတဲ့ ဝက်သားလိပ် ပုစွန်ကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင်
  • ဝက်သားပြား ၁၅ ပြား
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆားအနည်းငယ်
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် ရေအေးအေးထည့်ပြီးနောက် ရေခဲတုံများ ထည့်ထားလိုက်ပါ။

၂။ ပုစွန်များကို အခွံနှင့် ခေါင်းတို့ ဖယ်ရှားပြီးနောက် ရေဆေး သန့်စင်ထားလိုက်ပါ။

၃။ ထို့နောက် စောစောက ရေခဲရေထဲတွင် စိမ်ထားလိုက်ပါ။

၄။ ဝက်သားပြား တစ်ပြားချင်းစီကို သုံးပိုင်း ပိုင်းထားပါ။

၅။ ပုစွန်များကို ရေထဲမှ ဆယ်ယူပြီးနောက် ရေခြောက်အောင် သုတ်ပါ။ ထို့နောက် ဆား၊ ကြက်သွန်ဖြူမှုန့်တို့ ဖြူးထားလိုက်ပါ။

၆။ ထို့နောက် ပုစွန်တစ်ကောင်ချင်းစီကို ဝက်သားပြားတစ်ခုချင်းစိဖြင့် ပတ်ထားလိုက်ပါ။ ပတ်ထားသော ဝက်သားပြား အလိပ် ပြေမသွားအောင် သွားကြားထိုးတံဖြင့် ထိုးထားလိုက်ပါ။ (သွားကြားတိုးထဲ ၄၅ ချောင်းခန့်ကို ရေထဲ ကြိုစိမ်ထားရပါမယ်)

၇။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက  ပုစွန်လိပ်များ ထည့်ပြီး ရွှေညိုရောင် ပြောင်းသွားသည်အထိ (၅ မိနစ်၊ ၈ မိနစ်ခန့်) ကြော်ပေးလိုက်ပါ။

၈။ ပုစွန်များ ရွှေညိုရောင် ပြောင်းသွားတဲ့အခါမှာတော့ ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားလိပ် ပုစွန်ကြော်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Thespruceeats.com