“ဟယ်၊ နေ့တိုင်းစားရတာ ဒီဟင်းတွေချည်းပဲ ရိုးအီလှပြီ” ဆိုသူတွေအတွက် အသစ်အဆန်းကလေးလည်းဖြစ်အရသာလည်းရှိ ကျန်းမာရေးအတွက်လည်း အိုခေ စိုပြည်စေမယ့် ဟင်းရွက်စုံစွပ်ပြုတ်လုပ်နည်းလေးကို မျှဝေလိုက်ပါပြီ။
ပါဝင်ပစ္စည်းများ
- ဂေါ်ဖီ (၁ခွက်)
- ဥနီ (ခွက်တစ်ဝက်)
- မှို (ခွက်တစ်ဝက်)
- ငရုတ်ပွ (ခွက်တစ်ဝက်)
- ပဲပင်ပေါက် (ခွက်၃ပုံတစ်ပုံ)
- ဘိုစားပဲ (ခွက် ၄ပုံတစ်ပုံ)
- ကြက်သွန်နီ (သို့) ကြက်သွန်မြိတ် (ခွက်၄ပုံတစ်ပုံ)
- နံနံပင် အနည်းငယ်
- ကြက်သွန်ဖြူ အနည်းငယ်
- ဆီ အနည်းငယ်
- ဆားအနည်းငယ်
- ရေ ၃ခွက်
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက် ပြင်ဆင်ရန်
- ဟင်းသီးဟင်းရွက်များကိုရေဆေး၍ သင့်တော်သလို လှီးဖြတ်ထားပါ။
ပြုလုပ်နည်း
- ဒယ်အိုးထဲတွင် ဆီပူအောင်ထားပြီးလျှင် လှီးထားသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ထည့်ကာ ကြက်သွန်နီ အရောင်ကြည်လာသည်အထိမွှေပေးပါ။
- ပြီးလျှင် လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်များကို ထည့်ပြီး ကောင်းကောင်းမွှေပေးပါ။ မီးအနေတော်နှင့် ၄မိနစ် ၅မိနစ်ခန့်မွှေပေးပါ။ ပဲပင်ပေါက်ထည့်ကာ ၂မိနစ်ခန့်မွှေပေးပါ။ ရေထည့်ပြီး မွှေပေးပါ။
- ပဲငံပြာရည်၊ငရုတ်ကောင်းမှုန့်ထည့်မယ်။ မွှေမယ်။(ပဲငံပြာရည်ကို မိမိနှစ်သက်သလောက် ထည့်နိုင်ပါတယ်)
- ပြီးလျှင် ဒယ်အိုးကို အဖုံးအုပ်ပြီး မီးအနေတော်တွင် ၁၀မိနစ် ၁၁မိနစ်ခန့်ထိ ဆူအောင်ပြုတ်ထားပါ။
- ပြီးအလျှင် ဆား နှင့်ငရုတ်ကောင်းမှုန့်ကို လိုအပ်လျှင်ထပ်ထည့်ပြီး နံနံပင်ကြိုက်လျှင်အုပ်ကာ ထမင်းပူပူနှင့်ဖြစ်စေ ခေါက်ဆွဲထည့်၍ဖြစ်စေ မြိန်ရည်ရှက်ရည်စားသောက်နိုင်ပါပြီ။
Source: Dassana Amit (Veg Recipes of India)