အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ သံပုယိုရည်အရသာလေး စိမ့်ဝင်နေတဲ့ ငါးအသားကပ်ကြော် ပြင်ဆင်ချက်ပြုတ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးအသားလွှာ ၁ ကီလိုဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြော်ရန် ဆီ
  • ဟင်းခပ်အမွှေးအကြိုင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးအသားလွှာကို ဆား၊ သံပုယိုရည်တို့ဖြင့် သမအောင် နယ်ပြီးနောက် ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။ ၁၅ မိနစ်ပြည့်ပါက ရေဖြင့် ဆေးကြောပြီးနောက် ခြောက်အောင် သုတ်လိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ငါးအသားလွှာထည့်ကာ ကြော်ပါ။ ထို့နောက် ဆား အနည်းငယ် ဖြူးကာ အခြားတစ်ဖက်သို့လှန်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၃။ ကြော်ပြီးသား ငါးများကို ဆီစုပ်စက္ကူ ခံထားသော ပန်းကန်လုံးထဲသို့ ပြောင်းထည့်လိုက်ပါ။

၄။ ပြီးရင်တော့ ဟင်းခပ်အမွှေးအကြိုက်လေးများ ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ သံပုယိုအရသာလေးစိမ့်ဝင်နေတဲ့ ငါးအသားကပ်ကြော်များ ရရှိသွားပါပြီ။

Source: Food.ndtv.com