အားလုံးပဲ မင်္ဂလာပါ။ ကြက်ကြော်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်းငါးမျိုးတည်းရှိရုံနဲ့ မိမိအိမ်မှာ အလွယ်တကူကြော်စားနိုင်တဲ့ ကြက်သားကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက် တစ်ကောင် (အနေတော်အတုံးများ တုံးတစ်ထားပါ)
  • ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ ၄၇၀ မီလီလီတာခန့်
  • ဂျုံမှုန့် ၁၉၂ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို အနေတော် တုံးတစ်ပြီးနောက် ရေစင်အောင် ဆေးထားပါ။ ထို့နောက် ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ဖြင့် နယ်ထားပါ။

၂။ ထို့နောက် ကြက်သားတုံးများကို ဂျုံမှုန့်ဖြင့် နယ်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက ဂျုံမှုန့်အနည်းငယ် ထည့်လိုက်ပါ။ ပြီးမှ ကြက်သားတုံးကို နည်းနည်းချင်းစီ ထည့်ကြော်ပေးလိုက်ပါ။

၄။ ကြက်သားတုံးတစ်ဖက်က ရွှေညိုရောင် ပြောင်းသွားပါက ခက်ရင်းအသုံးပြုပြီး အခြားတစ်ဖက်သို့ လှန်ပေးလိုက်ပါ။ ၃ မိနစ်၊ ၄ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။ ကြက်သားများ ကျက် မကျက်ကို ခက်ရင်းဖြင့် ထိုးကြည့်ပြီး သိနိုင်ပါတယ်။ အချို့အတုံးများကတော့ ကြော်ချိန်နည်းပြီး ရင်အုံသားလို အသားများတဲ့ အတုံးကတော့ ကြော်ချိန်အနည်းငယ် ကြာတတ်ပါတယ်။

ဒါ့ကြောင့် မကျက် တကျက် ကြက်သားကြော် မဟုတ်ဘဲ ကြွပ်ကြွပ်ရွရွလေးနဲ့ စားကောင်းတဲ့ ကြက်ကြော်လေး ရရှိဖို့အတွက် သေသေချာချာ ကြော်ပေးဖို့ လိုပါမယ်။

ရရှိလာတဲ့ ကြက်သားကြော်ကို အာလူးထောင်းနဲ့ တွဲဖက်စားသုံးနိုင်သလို ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်တို့ဖြင့် တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Couponclippingcook.com