အညှော် မခံနိုင်သူများအတွက်ရော ဆီပူနဲ့ မီးပူနဲ့ ကြော်နေစဉ်အတောအတွင်း မိမိကို ဆီ စင်ပြီး အပူလောင်ခံရမှာ စိုးထိတ်နေသူများအတွက်ပါ လူပင်ပန်း သက်သာစေမယ့် Oven နဲ့ ကြော်ထားတဲ့ ကြက်သားကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ စစ်စစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ရင်အုံသား ၁ ပေါင်ခွဲ (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားထားပါ)
  • ဆား အနည်းငယ်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဂျုံမှုန့် ၆၀ ဂရမ်

  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက် (၂၀၀ ဒီဂရီစင်တီဂရိတ်)ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ Oven ထဲ ထည့်မယ့် လင်ဗန်းထဲသို့ ထောပတ်ထည့်ကာ ထောပတ်များ အရည်ပျော်ဖို့အတွက် Oven ထဲတွင် ၁ မိနစ်၊ ၂ မိနစ်ခန့် ထည့်ထားလိုက်ပါ။

၃။ ကြက်ရင်အုံသားကို ရေခြောက်အောင် သုတ်ပြီးနောက် ငရုတ်ကောင်းမှုန့် ဖြူးပေးလိုက်ပါ။

၄။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ကြက်သွန်ဖြူမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို သမအောင် ရောနှောထားလိုက်ပါ။ ကြက်သားတုံးကို ဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၅။ ထို့နောက် ကြက်ရင်အုံတုံးများကို ထောပတ်ထည့်ထားသော လင်ဗန်းထဲ အစီအရီထည့်ကာ Oven ထဲတွင် ၁၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက အခြားတစ်ဖက်သို့ လှန်ကာ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ပြန်ထည့်ထားလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ ကြက်ရင်အုံကြော် ကြွပ်ကြွပ်ရွရွလေး ရရှိသွားပါပြီ။

Source: Thespruceeats.com