အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါး လုပ်စားလို့ရတဲ့ ချိစ်အရသာ ကြက်ဥပေါင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရည်ဖျော်ထားသော ထောပတ် လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ကြက်ဥ ၈ လုံး
  • Heavy ခရင်မ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဆား အနည်းငယ်နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • အချောင်းလိုက် လှီးဖြတ်ထားသော Cheddar ချိစ် စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက် (၁၈၀ စင်တီဂရိတ်) ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ကြက်ဥ ထည့်ပေါင်းမယ့် ခွက် ၄ ခွက်ကို ထောပတ်ဖြင့် သုတ်လိမ်းထားလိုက်ပါ။

၃။ ထို့နောက် ခွက်တစ်ခွက်စီထဲသို့ ကြက်ဥ ၂ လုံးစီ ဖောက်ထည့်လိုက်ပါ။

၄။ ဟဲဗီးခရင်မ် စားပွဲတင်ဇွန်း ၂ ဇွန်းစီကို ခွက်တစ်ခုစီထဲ ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးထည့်ပါ။

၅။ ပြီးရင်တော့ ကြိုတင်အပူပေးထားတဲ့ Oven ထဲတွင် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ပေါင်းပေးလိုက်ပါ။

၆။ ထို့နောက် ချိစ်အနည်းငယ်စီကို အညီအမျှ ထည့်ပြီး Oven ထဲတွင် နောက်ထပ် ၁ မိနစ်ခန့် ပြန်ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ ချိစ်အရသာ ကြက်ဥပေါင်းလေး ဖြစ်သွားပါပြီ။

မနက်စာအဖြစ် စားသုံးချင်တယ်ဆိုရင်တော့ ပေါင်မုန့်နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ ဒီ့ထက်ပိုပြီးတော့ အရသာရှိရှိ စားချင်ပါက ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ခရမ်းချဉ်သီး အစရှိသည်တို့ကိုလည်း ထည့်ပေါင်းပေးနိုင်ပါတယ်။

Source : Thespruceeats.com