အားလုံးပဲ မင်္ဂလာပါ။ ခေါက်ဆွဲသုပ် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ခေါက်ဆွဲကြော်ပုံသဏ္ဍာန်နဲ့ ဆင်တူတဲ့ ထိုင်းစတိုင်လ် ခေါက်ဆွဲသုပ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ ၅ အောင်စ
  • ပါးပါးလှီးထားသော ဂေါ်ဖီ ပန်းကန်လုံးအသေး ၁ လုံးစာ
  • အချောင်းလိုက် ပါးပါးလှီးထားေးသာ မုန်လာဥနီ ပန်းကန်လုံးအသေး တစ်ဝက်စာ
  • ပါးပါးလှီးထားသော နံနံပင် ပန်းကန်လုံးအသေး တစ်ဝက်စာ
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် ပန်းကန်လုံးအသေး တစ်ဝက်စာ

  • ထောင်းထားသော မြေပဲ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ကြက်သားပြုတ် ပန်းကန်လုံးအသေး ၁ လုံးစာ (အသားနွှင်ထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခေါက်ဆွဲကို ရေနွေးနွေးထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားပါ။

၂။ အိုးတစ်လုံးထဲသို့ ရေထည့်ကာ ရေ ပွက်ပွက်ဆူလာသည်အထိ တည်ပါ။ ပွက်ပွက်ဆူလာပါက ခေါက်ဆွဲထည့်ကာ ၂ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။ ၂ မိနစ်ပြည့်တာနဲ့ ခေါက်ဆွဲများကို ဇလုံအကြီးတစ်လုံးထဲသို့ ချက်ချင်း ဆယ်ထည့်ထားလိုက်ပါ။

၃။ ပန်းကန်လုံးအသေး တစ်လုံးထဲတွင် ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ပျားရည်၊ နှမ်းဆီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

ရရှိလာတဲ့ ပဲငံပြာရည်အရောအနှောများကို ခေါက်ဆွဲပေါ် ဆမ်းထည့်ပြီးနောက် သမအောင် နယ်ပါ။

၄။ ထို့နောက် ခေါက်ဆွဲဇလုံထဲသို့ ဂေါ်ဖီ၊ မုန်လာဥနီတို့ထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ကြက်သွန်မြိတ် တစ်ဝက်၊ နံနံပင်တစ်ဝက်၊ မြေပဲ တစ်ဝက်တို့ ထပ်ပေါင်းထည့်ကာ သမအောင် နယ်ပါ။

၅။ အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ လိုအပ်ပါက ဆား အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

၆။ ရရှိလာတဲ့ ခေါက်ဆွဲကို ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။ ခေါက်ဆွဲပေါ်တွင် ကြက်သားများ ပုံထားလိုက်ပါ။ ထို့နောက် ကျန်ရှိနေသော ကြက်သွန်မြိတ်တစ်ဝက်၊ နံနံပင် တစ်ဝက်၊ မြေပဲတစ်ဝက်တို့ကိုလည်း ခေါက်ဆွဲပေါ်တွင် ပုံထားလိုက်ပါ။

စားခါနီးကျမှ အားရပါးရ နယ်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Joyousapron.com