အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စာဖတ်သူတို့အားလုံးလည်း ကြိုက်ကြတဲ့ အာလူး ပန်ကိတ်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။
ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးမို့ အကြိုက်တွေ့ကြမယ်၊ အဆင်ပြေကြမယ်လို့ ယုံကြည်ပါတယ်။
ပါဝင်ပစ္စည်း
- အာလူး အကြီး ၂ လုံး ၊ ၃ လုံး
- ကြက်သွန်နီ တစ်ခြမ်း
- ဆား အနည်းငယ်
- ဆီ
ဆော့စ်လုပ်ရန်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ရှာ
- လကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
- သကြား အနည်းငယ်
- ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်နည်း
ကြက်သွန်နီနဲ့ အာလူးကို အခွံနွှာ ရေသေချာဆေးလိုက်ပြီး ခြစ်ပေးလိုက်ပါ။
ပြီးရင်တော့ ရေသေချာဆစ်ပေးလိုက်ပါ။
အိုးကိုအပူပေးလိုက်ပြီး အာလူးနဲ့ ကြက်သွန်ကို ပြားပြားလေး ထည့်ကြော်လိုက်ပါ။
နည်းနည်းလေး ညိုလာပြီဆိုရင်ဆော့ တစ်ဖက်ကို လှန်ပေးလိုက်ပါ။ နှစ်ဖက်လုံး ကြွပ်ကြွပ်လေးဖြစ်သွားရင် မီးဖိုပေါ်ကချပြီး စားလို့ရပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar