အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပင်လယ်စာချစ်သူများ သွားရေကျစေမယ့် ဂဏန်းချဉ်စပ်ဟင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းမှုန့် ၁၀၀ ဂရမ်
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • နာနတ်သီး ၁ ခြမ်း (အနှစ်ရအောင် မွှေထားလိုက်ပါ)
  • ကြက်သွန်ဖြူ ၆ မြွှာ (အခွံခွာထားပါ)နှင့် ကြက်သွန်နီ ၅ လုံး (အခွံခွာထားပါ)
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ဂဏန်း ၃ ကောင်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း (ရေ ၆၀ မီလီလီတာဖြင့် ရောမွှေထားလိုက်ပါ)
  • ခရမ်းချဉ်သီးဆော့စ် စည်သွပ်ဘူးတစ်ဘူးစာနှင့် ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • ရေ ၃၀၀ မီလီလီတာ၊ ဆားနှင့် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်ဆုံထဲတွင် ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းတို့ကို ကြေညှက်အောင် ထောင်းထားပါ။

၂။ ဇလုံအကြီးတစ်လုံးထဲတွင် ဂဏန်းထည့်ပြီး ပြောင်းမှုန့် ၁၀၀ ဂရမ်ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂဏန်းများကို ၅ မိနစ်မှ ၈ မိနစ်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ဂဏန်းကြော်များကို ဆီစုပ်စက္ကူပေါ် တင်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက စောစောက ထောင်းထားသော ငရုတ်သီးအနှစ်များ ထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ငရုတ်သီးဆော့စ်၊ သကြား၊ ရှာလကာရည်၊ ခရမ်းချဉ်သီးဆော့စ်၊ ဆားနှင့် နာနတ်သီးနှစ်တို့ထည့်ကာ မီးအေးအေးဖြင့် ၁၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၄။ ဆော့စ်က ဆူပွက်လာပါက မွှေခလောက်ထားသော ကြက်ဥထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ပြောင်းမှုန့်အရည်ထည့်ကာ အရည်ပျစ်သွားသည်အထိ တည်ပေးလိုက်ပါ။

၅။ ပြီးရင်တော့ ဂဏန်းကြော်များထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။ ဒယ်အိုးအဖုံးဖွင့်လျက်သားဖြင့် ၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါမှာတော့ ဂဏန်းချဉ်စပ်ဟင်းလေး ရရှိသွားပါပြီ။

သူ့ချည်းပဲ စားမယ်ဆိုရင်လည်း အရသာရှိသလို ထမင်းနဲ့အတူတူ တွဲဖက်စားသုံးမယ်ဆိုရင်လည်း လိုက်ဖက်မှုရှိပါတယ်။

Source: Asianfoodnetwork.com