အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြာဇံကြော်ကြိုက်တဲ့သူတွေအတွက် ဆီနည်းနည်းနဲ့ အရသာရှိတဲ့ ပင်လယ်စာ ကြာဇံကြော်ကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြာဇံ
  • ပဲပင်ပေါက်
  • ကြက်သွန်နီ၊ ကြက်သွန်ဖြူ အနည်းငယ်
  • ကြက်ဥ ၂ လုံး
  • ရေဘဝဲ ၁ ကောင်

  • ဝက်သား အနည်းငယ်
  • ပုဇွန်အသေး ၇ ကောင်ခန့်
  • ငရုတ်သီး အစိမ်းနဲ့ ငရုတ်သီးအနီ ၁ လုံးစီ
  • ကြက်သွန်မြိတ် ၂ ပင်
  • မာဆလာ အနည်းငယ်

  • ဝိုင်အနည်းငယ်
  • ဂျင်းနည်းနည်း
  • ပဲငံပြာရည်အကြည် အနည်းငယ်
  • ဆီနည်းနည်း
  • ဆား

ပြုလုပ်နည်း

အရင်ဆုံး ပါဝင်တဲ့အသီးအရွက်တွေကိုပြင်ဆင်ပါ။ ကြက်ဥကို ခွဲပြီး ခလောက်ထားပါ။ ပုဇွန်၊ ရေဘဝဲ၊ ဝက်သား စတာတွေကို သန့်ရှင်းပြီး သေချာလှီးဖြတ်ထားလိုက်ပါ။

အိုးထဲကို ရေနည်းနည်း၊ ဝိုင်၊ ဂျင်းနည်းနည်းထည့်လိုက်ပြီး ဆူအောင်သည်လိုက်ပါ။ ပြီးရင်တော့ ရေဘဝဲနဲ့ ပုဇွန်ကိုထည့်ပြုတ်လိုက်ပါ။

အရောင်ပြောင်းသွားပါလိမ့်မယ်။

ပြီးရင်ကြာဇံကို မာဆလာမှုန့်လေးနဲ့ ပြုတ်ပေးရမှာဖြစ်ပါတယ်။

ဝက်စွပ်ပြုတ်ရည် (သို့) ရေနွေးထဲကို မာဆလာမှုန့်လေးနည်းနည်းထည့်လိုက်ပြီး ဆူအောင်တည်ပေးလိုက်ပါ။

ပြီးရင်တော့ကြာဇံကိုထည့်ပြီး ပြုတ်ပေးလိုက်ပါ။ ကြာဇံနူးရင် ထုတ်လိုက်ပြီး ရေဆစ်လိုက်ပါ။ ပြီးရင်အဖုံးလေးအုပ်ထားပေးပါ။

ကြက်ဥကိုမွှေလိုက်ပါ။ ဆီလေးနည်းနည်းထည့်လိုက်ပြီး ကြက်ဥမွှေကြော်လိုက်ပါ။ ပြီးရင်ခဏထားထားလိုက်ပါ။ ကြက်ဥလေးကို ပါးပါးလှီးထားပါ။

ဆီနည်းနည်းထည့်ပြီး ကြက်သွန်နီနဲ့ မဆလာမှုန့်လေးနည်းနည်းထည့်လိုက်ပါ။ ငရုတ်သီးထည့်ပြီး ဝက်သားလေးထည့်လိုက်ပါ။ သေချာမွှေပေးပါ။ ရပြီဆိုရင်တော့ ပဲပင်ပေါက်ထည့်လိုက်ပါ။ သေချာမွှေပေးလိုက်ပြီး ကြက်သွန်ဖြူထည့်ပေးလိုက်ပါ။ ပြီးရင် တခြားပါဝင်ပစ္စည်းတွေအားလုံးကို တစ်ခုချင်းပြန်ထည့်လိုက်ပါ။ ကြာဇံထည့်လိုက်ပြီး ဆားထည့်ပါ။ ပဲငံပြာရည်အကြည်ထည့်လိုက်ပါ။

သေချာမွှေပေးပြီးအပေါ့အငံမြည်းကာ သုံးဆောင်နိုင်ပါပြီနော်။ ဆီအရမ်းလည်းများစရာမလိုသလို ကြာဇံကို အရမ်းခြောက်အောင်လည်း ကြော်စရာမလိုပါဘူး။

Source: www.yumofchina.com

By: MyFood Myanmar