အားလုံးပဲ မင်္ဂလာပါ။ မိမိအိမ်မှာ ဖက်ထုပ်လုပ်စားချင်သူများအတွက် ပြုလုပ်ရလွယ်ကူတဲ့ အိမ်လုပ် ပုစွန် ဝက်သားဖက်ထုပ်ပေါင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တရုတ်မှိုခြောက် ၃ ပွင့်
  • ပုစွန် ၆ အောင်စ (အခွံခွာထားပါ)
  • ကြက်သွန်မြိတ် ၁ ပင်
  • နုပ်နုပ်စဉ်းထားသောဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဝက်သား ၁၇၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)

  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဖက်ထုပ်လိပ်ရန် ဂျုံပြားအဝိုင်း အခု ၂၀ ခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မှိုခြောက်များကို ရေနွေးပူထဲတွင် မိနစ် ၂၀၊ မိနစ် ၃၀ ခန့် ကြိုစိမ်ထားပါ။ စိမ်ပြီးသွားပါက ပင်စည်များကို လှီးထုတ်လိုက်ပါ။

၂။ ပုစွန်များကို ဆားအနည်းငယ်ထည့်ထားသော ရေနွေးနွေးထဲတွင် ၅ မိနစ်ခန့် စိမ်ထားပြီးနောက် ခြောက်အောင် သုတ်ပေးလိုက်ပါ။

၃။ မှို၊ ပုစွန်နှင့် ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးလိုက်ပါ။ ထို့နောက် ဂျင်းနှင့် ဝက်သားတို့ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ ခရုဆီ၊ ဆန်ဝိုင်၊ နှမ်းဆီနှင့် သကြားတို့ထည့်ကာ ထပ်မံနယ်ပေးလိုက်ပါ။

၄။ ဖက်ထုပ် ဂျုံပြားရဲ့ ဘေးဘက်အနားသားများကို ရေဖြင့် သုတ်လိမ်းထားပါ။

၅။ ထို့နောက် စောစောကနယ်ထားသော ပုစွန် ဝက်သားအစာသွပ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့်ကို ဖက်ထုပ်ရဲ့အလယ်တည့်တည့်တွင် ထည့်ကာ ဖက်ထုပ်ကို အပေါ်ဘက်သို့ စုလိုက်ကာ ခြင်းတောင်းပုံသဏ္ဍာန် ပုံဖော်လိုက်ပါ။

၆။ ပေါင်းမယ့် ပေါင်းအိုးထဲသို့ ဆီစုပ်စက္ကူ (သို့) ဂေါ်ဖီရွက်လေး ခံထားကာ ဖက်ထုပ်များထည့်လိုက်ပါ။ ထို့နောက် ပေါင်းအိုးထဲတွင် ၅ မိနစ်မှ ၁၀မိနစ်ခန့် ထည့်ပေါင်းပေးရပါမယ်။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပုစွန် ဝက်သားဖက်ထုပ်ပေါင်းလေး ရရှိသွားပါပြီ။

Source: Thespruceeats.com