အားလုံးပဲ မင်္ဂလာပါ။ ကြက်သားကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ နှမ်းကပ်ကြက်သားကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သကြားညို စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ အကြီး ၁ လုံး

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ရင်အုံသား ၂ တုံး (အတုံး ခပ်သေးသေး တုံးထားလိုက်ပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ပန်းကန်လုံးအသေးတစ်လုံးထဲတွင် သကြားညို၊ ပဲငံပြာရည်၊ နှမ်းစေ့နှင့် ကြက်သွန်ဖြူတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင်တော့ ကြက်ဥနှင့် ပြောင်းမှုန့်တို့ကို သမအောင် မွှေခလောက်ထားလိုက်ပါ။

၃။ ထို့နောက် ကြက်သားတုံးများကို ကြက်ဥပန်းကန်ထဲထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး နှမ်းဆီထည့်ပါ။ ထို့နောက် ကြက်သားတုံးများထည့်ကာ အညိုဖျော့ရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၅။ မီးအပူချိန် လျော့ပြီးတဲ့နောက်မှာတော့ အဆင့် (၁) က ဖျော်ထားသော ဆော့စ်များကို ကြက်သားဒယ်အိုးထဲသို့ လောင်းထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

၆။ ဆော့စ်များ ပျစ်သွားသည်အထိ ၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

ဆော့စ် ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ နှမ်းကပ်ကြက်သားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com