အားလုံးပဲ မင်္ဂလာပါ။ ငါးကြော်စပ်စပ်လေးကိုမှ ကြိုက်နှစ်သက်သူများအတွက် တရုတ်စတိုင်လ် ငါးကြော်အစပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Dreamstime.com

• ငါးကြင်း ၁၀၀၀ ဂရမ်
• ငရုတ်သီး ၄ တောင့်
• ကြက်သွန်ဖြူ ၃ မြွှာနှင့် ကြက်သွန်မြိတ် ၁ ပင် (နုပ်နုပ်စဉ်းထားပါ)
• နှမ်းဆီနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံစီ
• ဟင်းချက်ရန်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

ငါးနယ်ရန်အတွက် အချဉ်ဆော့စ်

Source: Freepik.com

• ကြက်သွန်မြိတ် ၂ ပင် (နုပ်နုပ်စဉ်းထားပါ)
• လက်မအရွယ်အစားခန့် ဂျင်းတုံး ၁ တုံး (နုပ်နုပ်စဉ်းထားပါ)
• ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
• ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အနေတော်အရွယ်အစား တုံးထားသော ငါးများကို ဂျင်း၊ ကြက်သွန်မြိတ်၊ ဆားနှင့် ဟင်းချက်ဝိုင်တို့ဖြင့် သမအောင် နယ်ပေးလိုက်ပါ။ ထို့နောက် ငါးနှင့် အချဉ်ဆော့စ်များကို အလုံပိတ်အိတ်ထဲထည့်ပြီးနောက် ရေခဲသေတ္တာထဲမှာ ၂ ရက်ခန့် ထည့်ထားလိုက်ပါ။

၂။ ၂ ရက်ပြည့်သွားပြီဆိုရင်တော့ ဂျင်းနှင့် ကြက်သွန်မြိတ်အဖတ်များကို ဆယ်ယူလိုက်ပါ။ ထို့နောက် ငါးတုံးများကို စက္ကူပေါ်တင်ထားပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက ငါးတုံးများ ထည့်ကြော်လိုက်ပါ။ ငါးတုံးက ရွှေညိုရောင်ပြောင်းသွားမှ အခြားတစ်ဖက်သို့ လှန်ပေးရပါမယ်။

၄။ ထို့နောက် ကြက်သွန်ဖြူ၊ ငရုတ်သီးနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပဲငံပြာရည်၊ နှမ်းဆီ၊ သကြားနှင့် နှမ်းစေ့တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ ငါးကြော်စပ်စပ်လေး ရရှိသွားပါပြီ။ ထမင်းနဲ့ မြိန်ယှက်စွာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com