အားလုံးပဲ မင်္ဂလာပါ။ ဈေးကြီးလွန်းလှတဲ့ အမဲသားပြားစတိပ်ကို မိမိအိမ်မှာပဲ အရသာရှိရှိ မချက်ပြုတ်ချင်ကြဘူးလား။

စားသောက်ဆိုင်တွေမှာ ဈေးကြီးပေးစားရတဲ့ အမဲသားပြားစတိပ်ကို မိမိအိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ အရသာရှိရှိ စားသောက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပါဝင်ပစ္စည်းများနဲ့ ပြုလုပ်နည်း အဆင့်ဆင့်ကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

ထောပတ်သီးအနှစ်ပြုလုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ

  • ထောပတ်သီး တစ်လုံး (လေးထောင့်အတုံးငယ်များ တုံးထားလိုက်ပါ)
  • တရုတ်နံနံနှင့် နံနံပင် အနည်းငယ် (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း တစ်ဇွန်း
  • ဆား၊ ဇီရာမှုန့်နှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၆ ဇွန်း

အမဲသားစတိပ် ပြုလုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ

  • အမဲသား တစ်ပေါင်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဖျော်စက်ထဲသို့ တရုတ်နံနံ၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ဆား၊ ဇီရာမှုန့်နှင့် ငရုတ်သီးမှုန့်၊ သံလွင်ဆီတို့ထည့်ကာ စက်ဖြင့် မွှေပေးလိုက်ပါ။

၂။ ရရှိလာတဲ့အနှစ်များကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီးနောက် ထောပတ်သီးအတုံးများထည့်ကာ ဇွန်းဖြင့် သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အသုံးမပြုခင်အချိန်အထိ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားနိုငပါတယ်။

၃။ အမဲသားကို နှစ်ပိုင်း (သို့မဟုတ်) သုံးပိုင်း လှီးဖြတ်လိုက်ပါ။ ထို့နောက် အမဲသားပြားများကို ခြောက်အောင် သုတ်ပေးလိုကပါ။ အမဲသား တစ်ဖက်တစ်ချက်စီကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ ဖြူးပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီးနောက် သံလွင်ဆီထည့်လိုက်ပါ။ ဆီပူလာပါက အမဲသားပြားများကို ထည့်ကြော်ပေးလိုက်ပါ။ တစ်ခြမ်းစီကို ၂ မိနစ်မှ ၄ မိနစ်ခန့် ရွှေညိုရောင်ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ အမဲသားပြးကြော်ကို စဉ်းနီတုံးပေါ်တင်ပြီးနောက် အကွာအဝေးကို ညီတူညီမျှ လှီးဖြတ်လိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲပြောင်းထည့်ကာ စောစောက ရေခဲသေတ္တာထဲထည့်ထားသော ထောပတ်သီးအနှစ်များကို အမဲသားတုံးများပေါ်မှာ ဆမ်းပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထောပတ်သီးဆမ်း အမဲသားစတိပ်ကို အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: Simplyrecipes