အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာကတော့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အမဲသားလိပ်ကြော် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆလပ်ရွက်အနည်းငယ်နှင့် ကြက်သွန်မြိတ် ၂ ပင်
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်၊ ဆာားနှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • ရေ ၁၂၅ မီလီလီတာ

  • အမဲသားပြား ၆ ပြားခန့် (ပါးပါးလှီးထားပါ)
  • Ketchup စားပွဲတင်ဇွန်း ၃ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် Ketchup ၊ ခရုဆီ၊ သကြားနှင့် ဆားတို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဆလပ်ရွက်များကို ပန်းကန်ပြားပေါ်တွင် ညီညီညာညာ စီစီရီရီ တင်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်လိုက်ပါ။ ထောပတ်အရည်ပျော်သွားပါက အမဲသားပြားများကို ၁ မိနစ်ခန့် ကြော်ပေးရပါမယ်။ အမဲသားက ရွှေညိုရောင် ပြောင်းသွားပါက အမဲသားပြားကို လိပ်လိုက်ပြီးနောက် ဆလပ်ရွက်ပေါ် တင်ထားလိုက်ပါ။

၄။ ဒယ်အိုးထဲသို့ ကျန်ရှိနေတဲ့ ထောပတ်များထည့်ကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် ငရုတ်ကောင်းမှုန့်ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေပေးလိုက်ပါ။

၅။ ပြီးရင် Ketchup နဲ့ ရေတို့ကို ဒယ်အိုးထဲသို့ လောင်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ပွက်ပွက်ဆူလာသည်အထိ (၂ မိနစ်ခန့်) တည်ထားပေးလိုက်ပါ။

၆။ ရရှိလာတဲ့ ဆော့စ်ကို အမဲသားလိပ်ပေါ် ဆမ်းထည့်ပေးလိုက်ပါ။ ပါးပါးလှီးထားသော ကြက်သွန်မြိတ်ကို အပေါ်မှာ ဖြူးပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားလိပ်ကြော်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com