ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပျားရည်အရသာ ဝက်သုံးထပ်သားဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၁ ပေါင်
  • ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့််ဆင့်

၁။ ဝက်သား သုံးထပ်သားကို အနေတော် အတုံး တုံးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဝက်သားတုံးများ ထည့်ကာ ကြော်ပေးလိုက်ပါ။ (ဆီ ထပ်ထည့်ရန် မလိုအပ်ပါ။)

၃။ ဝက်သား တစ်ခြမ်းချင်းစီကို ၅ မိနစ်ခန့် ကြော်ပြီးပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၅ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

၄။ ဝက်သားတုံးများ အညိုရောင် ပြောင်းသွားပါက ပန်းကန်လုံးထဲသို့ ဆယ်ထည့်ထားပါ။ ဝက်ဆီများကိုလည်း အခြားပန်းကန်လုံးတစ်လုံးထဲသို့ ဆယ်ထည့်ထားပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ပျားရည်ဆော့စ် ပြုလုပ်ရပါမယ်။ ဒယ်အိုးထဲသို့ ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် ရောမွှေပါ။

၆။ တစ်မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ပြီးတဲ့အခါမှာတော့ နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ထည့်ပါ။ ထို့နောက် ဝက်သား သုံးထပ်သားများ ပြန်ပေါင်းထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၇။ ထို့နောက် မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ ကျန်ရှိနေသော နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်းကို အပေါ်ကနေ ဖြူးထည့်ပေးလိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်များလည်း ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပျားရည် ဝက်သုံးထပ်သားဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Juliasalbum.com