[Unicode]

အားလုံးပဲမင်္ဂလာပါနော်။ အမဲသားကြိုက်တဲ့သူတွေအတွက် ဒီတခါမှာတော့ အမဲသားနှပ် နူးနူးအိအိလေး ချက်စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • အမဲသား ၂၀ ကျပ်သား
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ် ၃ ချောင်း ( ပါးပါးလှီးပါ)

Source: Milk and Eggs

  • မုန်လာဥနီ ၁ လုံး ခပ်ပါးပါးလှီးပါ
  • ကြက်သွန်ဖြူ ၇ ဥ တောက်တောက်စဉ်းပါ
  • ဂျင်း ၁ လက်မခန့် ပါးပါးလှီးပါ

အနှစ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၆ ဇွန်း
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

Source: Vinfolio Blog

  • သံပယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပန်းသီး တစ်ခြမ်း တောက်တောက်စဉ်းပါ
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းဆီ အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး အသားကို ရေသေချာဆေးလိုက်ပြီး ဆား၊ ငရုတ်ကောင်းတို့နဲ့ နယ်ထားလိုက်ပါ။ အိုးကိုအပူပေးလိုက်ပြီး ဆီနည်းနည်းနဲ့ အသားကို ကြော်လိုက်ပါ။ တစ်ဖက်ကို ၂ မိနစ်ခန့်ကြော်ပါ။

ပြီးရင်တော့ ကြက်သွန်နီ၊ မုန်လာဥနီနဲ့ ကြက်သွန်မြိတ်ထည့်လိုက်ပါ။ (ကြက်သွန်မြိတ်ကို နည်းနည်းချန်ထားပါ) ပြီးရင်တော့ အနှစ်လုပ်မယ့် ပါဝင်ပစ္စည်ေးတွအားလုံးရောထည့်လိုက်ပြီး အသားအပေါ်ကနေ လောင်းချလိုက်ပါ။

အဖုံးအုပ်ထားပြီး မီးအေးအေးနဲ့ နှပ်ထားပါ။ ရေခမ်းရင် ရေနည်းနည်းထပ်ထည့်ပါ။

အသားနူးလာပြီဆိုရင် အသားကို ခပ်ပါးပါးလေးလှီးပြီး သုံးဆောင်နိုင်ပါပြီ။

Source: www.koreanbapsang.com

By: MyFood Myanmar

[Zawgyi]


ပါဝင်ပစ္စည်း

  • အမဲသား ၂၀ ကျပ်သား

Source: Milk and Eggs


အနှစ်လုပ်ရန်


Source: Vinfolio Blog

  • နှမ်းဆီ အနည်းငယ်

ပြုလုပ်နည်း






By: MyFood Myanmar