Slow Cooker နဲ့ ချက်ပြုတ်ခြင်းရဲ့ ကောင်းကျိုးကတော့ လူပင်ပန်း သက်သာခြင်းဖြစ်ပြီး ဆိုးကျိုးကတော့ အချိန်ကြာခြင်းပဲဖြစ်ပါတယ်။ စာဖတ်သူ အိမ်ရှင်မများအနေနဲ့ အားလပ်ရက်လေးမှာ နားနားနေနေလေးလည်း နေချင်တယ် အရသာရှိတဲ့ အစားအစာလည်း ချက်ပြုတ်ချင်တယ်ဆိုရင်တော့ Slow Cooker နဲ့ ချက်ပြုတ်ဖို့ အကြံပေးပါရစေ။

ဒီပျားရည် ကြက်တောင်ပံကင်လေးကို နေ့ခင်းပိုင်းမှာ ချက်ထားမယ်ဆိုရင် ညစာ စားခါနီးကျရင် အဆင်သင့်စားသုံးနိုင်ဖို့ အချိန်ကွက်တိသွားကျပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၁၂ ခု
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်တောင်ပံများကို တစ်ပိုင်းချင်းစီ ခုတ်ထစ်ထားပြီး သပ်သပ်စီဖယ်ထားပါ။ ချွန်ထက်သော အပိုင်းကို ကြက်စွပ်ပြုတ်ပြုလုပ်ရန်အတွက် သိမ်းထားနိုင်ပါတယ်။

၂။ ကျန်ရှိနေသော ကြက်တောင်ပံကို နှစ်ပိုင်း ပိုင်းပါ။

၃။ ထို့နောက် ကြက်တောင်ပံများကို Slow Cooker ထဲ ထည့်ထားလိုက်ပါ။

၄။ ပန်းကန်လုံးအသေးတစ်လုံးတွင် ပဲငံပြာရည်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ပျားရည်နှင့် ဟင်းရွက်ဆီတိုပကို သမအောင် ရောမွှေထားပါ။

၅။ ထို့နောက် ကြက်သားပေါ် လောင်းထည့်ကာ မီးအေးအေးဖြင့် ၆ နာရီမှ ၈ နာရီကြား ချက်ပြုတ်ထားပါ။

၆။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပျားရည် ကြက်တောင်ပံကင် ရရှိသွားပါပြီ။

ပန်းကန်ပြားထဲ ထည့်ကာ နှမ်း၊ ကြက်သွန်မြိတ်တို့ ဖြူးထည့်ပြီး အလှဆင်ကာ အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com