အားလုံးပဲ မင်္ဂလာပါ။ ကဆီဓာတ်များတဲ့ ထမင်း မစားချင်ဘူး။ ဝိတ်လျော့ချင်တယ်ဆိုသူများအတွက် ပရိုတိန်းဓာတ်ကြွယ်ဝပြီး အရသာရှိတဲ့ အမဲသားပြားနှပ် ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။ ထိုအမဲသားနှပ်ကို ဟင်းရွက်ပြုတ်များနဲ့ အတူတူတွဲဖက်စားသုံးပါက မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပြီးသားဖြစ်သွားပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • အမဲသားတုံး ၃ ပေါင်
  • ဟင်းချက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Maple Syrup စားပွဲတင်ဇွန်း ၈ ဇွန်း
  • မုန်ညှင်းနှစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားတုံးကို ရေဆေးပြီးနောက် ခြောက်သွေ့အောင် သုတ်လိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ဆီအနည်းငယ် ထည့်ပါ။ ဆီပူလာပါက အမဲသားတုံးထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ အပူပေးပါ။

၃။ အမဲသား တစ်တုံးလုံးက အညိုရောင် ပြောင်းသွားပါက ထိုအမဲသားတုံးများကို Slow Cooker ထဲထည့်ပါ။

၄။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် Maple Syrup ၊ မုန်ညှင်းနှစ်၊ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် မွှေပါ။ ရရှိလာတဲ့ ဆော့စ်အရောအနှောကို အမဲသားပေါ် လောင်းထည့်လိုက်ပါ။

၅။ ထို့နောက် အမဲသားကို အဖုံးအုပ်ပြီးနောက် မီးအေးအေးဖြင့် ၇ မိနစ်ခန့် တည်ထားလိုက်ပါ။ ထိုကဲ့သို့ တည်ထားစဉ်မှာ အိုးအဖုံး မဖွင့်လိုက်ပါနဲ့။

၆။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အမဲသားကို မထူမပါး လှီးဖြတ်လိုက်ပါ။ ရရှိလာတဲ့ အမဲသားပြားကို အာလူးထောင်း၊ မုန်လာဥပြုတ် (သို့) မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်တစ်မျိုးမျိုးဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Themagicalslowcooker.com