ချိုတဲ့အစားအစာများကို ကြိုက်နှစ်သက်ကြတဲ့ MyFood Myanmar ရဲ့ အစားအသောက်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ မြေပဲထောပတ် ချောကလက်ကိတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၁၆ အောင်စ
  • ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်ဥ ၃ လုံး
  • မြေပဲထောပတ် ၉ အောင်စ

  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ရေ၊ ထောပတ်နှင့် ကြက်ဥတို့ ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။ ထို့နောက် မြေပဲထောပတ် ၈ အောင်စခန့် ထည့်ကာ သမအောင် ထပ်မွှေခလောက်ပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ Slow Cooker ကို ဟင်းချက်စပရေးဖြင့် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် စောစောက မွှေခလောက်ထားသော မုန့်နှစ်များကို Slow Cooker ထဲထည့်ကာ မျက်နှာပြင်ကို ညီညာအောင် ညှိလိုက်ပါ။

၃။ ထို့နောက် မီးပြင်းပြင်းဖြင့် ၂ နာရီခန့် တည်ထားပါ။ ထိုကဲ့သို့ တည်နေစဉ်အတွင်း အဖုံးဖွင့် မကြည့်ပါနဲ့။

၄။ သတ်မှတ်ချိန်ပြည့်ပါက မီးပိတ်လိုက်ပါ။

၅။ ဒယ်အိုးအသေးတစ်လုံးကို အပူပေးပြီးနောက် ကျန်ရှိနေသော မြေပဲထောပတ် ၁ အောင်စခန့်ကို အရည်ပျော်သွားအောင် အပူပေးပါ။ အရည်ပျော်သွားပါက သကြားထည့်ကာ သမအောင် မွှေပါ။

၆။ ရရှိလာတဲ့ မြေပဲထောပတ် သကြားအရောအနှောကို ကိတ်မုန့်ပူပူလေးပေါ်သို့ လောင်းထည့်လိုက်ပါ။ မျက်နှာပြင်ညီညာအောင် ညှိပြီးတဲ့အခါမှာတော့ ချောကလက်အနည်းဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မြေပဲထောပတ် ချောကလက်ကိတ်လေး ရရှိသွားပါပြီ။ သူ့ချည်းပဲ အချိုတည်းလို့ရသလို ရေခဲမုန့်နှင့် တွဲဖက်စားသုံးပါကလည်း အရသာရှိပါတယ်။

Source: Themagicalslowcooker.com