အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အချိန်ကုန် လူပင်ပန်းသက်သာအောင် Slow Cooker အသုံးပြုပြီး ချက်ပြုတ်ထားတဲ့ ကြက်သားအစပ်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ကြက်သားအစပ်ဟင်း

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (အခွံခွာပြီး ပါးပါးလှီးပါ)
  • ကြက်ရင်အုံသား ၃ တုံး (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားပြီး လေးထောင့်အတုံး တုံးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ)
  • လက်မအရွယ်အစားခန့် ဂျင်းတုံး ၁ တုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)

  • ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်နှင့် သစ်ကြမ်းပိုးခေါက်မှုန့် အနည်းငယ်
  • ကြက်ပြုတ်ရည် ၂၄၀ မီလီလီတာ
  • ခရမ်းချဉ်သီး ၄၀၀ ဂရမ်နှင့် ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း (ခရမ်းချဉ်သီးကို အနေတော်အတုံး တုံးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နွားနို့ ၄၀၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Slow Cooker အိုးကို ကြိုတင်အပူပေးထားပါ။

ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ကြက်သားများထည့်ကာ ၄ မိနစ်ခန့် မွှေကြော်ပါ။

၃။ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ သစ်ကြမ်းပိုးခေါက်မှုန့်တို့ ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ (အခြားဟင်းခပ်အမွှေးအကြိုင်များ ထပ်ထည့်ချင်ပါက ထည့်နိုင်ပါတယ်။)

၄။ ၂ မိနစ်ခန့် မွှေပြီးနောက်မှာ ကြက်ပြုတ်ရည်၊ ခရမ်းသီး၊ ခရမ်းချဉ်သီးအနှစ်၊ သကြားနှင့် အုန်းနို့တို့ ထည့်ကာ သမအောင် ရောမွှေပါ။

၅။ ဆူပွက်လာအောင် တည်ပြီးတဲ့နောက်မှာ ကြက်သားဟင်းကို Slow Cooker ထဲ ပြောင်းထည့်ပြီးနောက် မီးေအေးအေးဖြင့် ၅ နာရီ၊ ၆ နာရီခန့် (သို့) မီးအပူပြင်းပြင်းဖြင့် ၃ နာရီ၊ ၄ နာရီခန့် ချက်ပြုတ်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်ပါက အရသာရှိတဲ့ ကြက်သားဟင်းစပ်စပ်လေး ရရှိသွားပါပြီ။

ထမင်းပူပူလေးနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Kitchensanctuary.com