အားလုံးပဲ မင်္ဂလာပါ။ ပေါင်မုန့်နဲ့ တွဲဖက်စားသုံးဖို့အတွက် မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ထားတဲ့ အိမ်လုပ် စတော်ဘယ်ရီယိုလေး လုပ်စားချင်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ စတော်ဘယ်ရီယို ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး ၂ ပေါင်ခန့် (အရွက်စိမ်းများ ဖယ်ရှားပြီး အတုံးသေးသေး တုံးထားပါ)
  • သကြား စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပန်းသီး ၁ လုံး (အခွံခွာပြီး အချောင်းလိုက် ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်းလုံးအကြီးထဲတွင် စတော်ဘယ်ရီသီးနှင့် သကြားတို့ထည့်ပါ။ ထို့နောက် အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲတွင် တစ်ညခန့်မှာ ၁၂ နာရီကြာသည်အထိ နှပ်ထားလိုက်ပါ။

၂။ သတ်မှတ်ချိန်ပြည့်ပါက စတော်ဘယ်ရီသီးများကို ရေခဲသေတ္တာထဲက ထုတ်ပြီးနောက် သံပုယိုရည်နှင့် ပန်းသီးတို့ထည့်ကာ ရောမွှေလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးအကြီးထဲ ပြောင်းထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

၄။ စတော်ဘယ်ရီသီးများ ပျော့သွားပြီး အရည်ကလည်း ယိုကဲ့သို့ ပျစ်ပျစ်လေး ဖြစ်သွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ရရှိလာတဲ့ စတော်ဘယ်ရီယိုကို မိနစ်ပိုင်းခန့် အအေးခံကာ သန့်ရှင်းခြောက်သွေ့သော ဖန်ပုလင်းထဲသို့ ပြောင်းထည့်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲ ထည့်ထားကာ သိုလှောင်သိမ်းဆည်းထားနိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ စတော်ဘယ်ရီယိုလေး ရရှိသွားပါပြီ။

Source: Sweetcayenne.com