ပါဝင်ပစ္စည်းများ

  • ခရမ်ကြွပ်သီး အလုံးကြီး – ၁၀ လုံး
  • ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၆ ဇွန်း
  • ထောင်းထားသော ကြက်သွန်နီ – ထမင်းစားဇွန်း ၆ ဇွန်း
  • စိမ်းစားငါးပိ – ထမင်းစားဇွန်း တစ်ဝက်ခန့်
  • အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Chicken Powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဆီ – ထမင်းစားဇွန်း ၅ ဇွန်း
  • ရေနွေး – 1 Cup (250 ml)

ပြင်ဆင်ပြုလုပ်နည်း

အရိုးများလှီးထုတ်ပစ်ကာ ရေဆေးထားသော ခရမ်းကြွပ်သီးကို အညှာနားရောက်လုနီး ၂ ပိုင်းဖြတ်လှီး၍ ဆား – 1 Tsp ခန့်ဖြင့် ဖျော်ထားသောရေထဲ စိမ်ထားပါ။

အစာသွပ်ရန် ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်နီ၊ စိမ်းစားငါးပိ၊ အရောင်တင်မှုန့် ၊ Chicken Powder နှင့် ဆီ (ထမင်းစားဇွန်း ၁ ဇွန်း)ကို ရောနှောထားပါ။

ထိုအရောအနှောကို ရေစစ်ဆယ်ထုတ်ထားသော ခရမ်းကြွပ်သီးများထဲ ညင်ညင်သာသာ ဖိသိပ်ထည့်ပေးပါ။

အစာသွပ်ပြီးသည့် ခရမ်းကြွပ်သီးများ၊ ဆီ (ထမင်းစားဇွန်း ၄ ဇွန်း) နှင့် ရေနွေး (1/2 Cup) ကို အိုးထဲထည့်ကာ Medium Heat ဖြင့် အဖုံးဖုံးပြီး တည်ထားပါ။

(မတူးမကပ်စေရန် အိုးကို မကြာခဏ ဟိုဖက် ဒီဖက် အနည်းငယ် စောင်းပေး ပါ။)

ရေခမ်းခါနီးလျှင် ခရမ်းသီးများကို နောက်တစ်ဖက် ညင်ညင်သာသာလှန်၍ ကျန်သည့် ရေနွေး (1/2 Cup) ထည့်ကာ အဖုံးဖုံးပြီး ဆက်တည်ပါ။ (အိုးကို မကြာခဏ ဟိုဖက် ဒီဖက် အနည်းငယ် စောင်းပေးပါ။)

ခရမ်းသီးများ နူးအိပြီး ဆီပြန်လာလျှင် မီးပိတ်ပြီး အဖုံးမဖွင့်ပဲ ၁၀ မိနစ်ခန့် ဆက်နှပ်ထားပြီးနောက် ခရမ်းကြွပ်သီးနှပ်လေး အရသာရှိစွာ သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

Credit: Chaw Su’s Food Friends