ပါဝင်ပစ္စည်းများ

  • ငါးရံ့ အနေတော်
  • ကြက်ပေါင်သီး အသင့်အတင့်
  • ခရမ်းချဉ်သီး
  • ငရုတ်သီးစိမ်း
  • မျှင်ငါးပိ
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငရုပ်သီးထောင်းပြီးသားအမှုန့်
  • နနွင်းမှုန့်
  • ဆီ
  • ဆား
  • နံနံပင်

ပြုလုပ်ပုံ

ငါးရံ့ အနေတော် တစ်ကောင်ကို ဆေးကြောသန့်စင်ပြီး အနေတော် အတုံးလေးများ ပိုင်းဖြတ်ပြီး ဆား၊ နနွင်းမှုန့် တိုဖြင့်နယ်ထားပါ။ ကြက်ပေါင်သီးကိုလည်း သင့်တော်သလောက်၂ခြမ်း ထုခွဲပြီး အထဲကအမျှင်များကို ဖယ်ကာ ဆေးကြော သန့်စင်ထားပါ။

ခရမ်းချဉ်သီးကို အနေတော်လေးများ စိပ်ထားပါ။ နံနံပင်ကိုစင်ကြယ်စွာ ရေဆေးထားပါ၊ ငရုပ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် မျှင်ငါးပိတို့ကို ရောထောင်းပါ။

ပထမဦးစွာ ဒယ်အိုးကို မီးအေးအေးပေါ်တင်ပြီး ဒယ်အိုပူလာတာနှင့် ဆီကို သင့်တော်သလောက် လောင်းထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ငရုပ်သီးအနှစ်များကို ဆီပူပူထဲ ထည့်ပြီး မွှေပေးပါ။

ကြက်သွန်များ နွမ်းလာပါက ခရမ်းချဉ်သီးများကို ရောထည့်မွှေပြီး ငါးအတုံးလေးများကိုပါထည့် ၍ ငါးအကြောလေးများ တင်းလာပါက ဆုံဆေးရည်အပါအဝင် ငါးအတုံးလေးများ မြုပ်အောင် ရေထည့်ပြီးတည်ထားပါ။

ရေဆူလာပါက ကြက်ပေါင်သီးထည့်ပါ။ ရေခန်းလို့ ဆီပြန်ကာနီး အရသာမြည်းကြည့်ပါ။ အချဉ်၊ အပေါ့ အငံမြည်းရျ် ငရုတ်သီးစိမ်း၊ နံနံပင်ကို အုပ်၍ အသင့်စားသုံးနိုင်ပါသည်။ (အချဉ်ပေါ့နေသေးရင်မန်ကျည်းရည် ထည့်နိုင်ပါတယ်။)