အားလုံးပဲ မင်္ဂလာပါ။ အရသာရှိတဲ့ ပုစွန်ကြွပ်ကြော် သုံးဆောင်ချင်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်ဥနဲ့ရောကြော်ထားတဲ့ ပုစွန်ကြော်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၂၀၀ ဂရမ်
  • ပြောင်းမှုန့် ၄၄ ဂရမ်
  • ကြက်ဥ ၁ လုံး
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆီအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို အခွံချွတ်ပြီး ရေဖြင့် စင်ကြယ်အောင် သန့်စင်ထားလိုက်ပါ။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြူးထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥတစ်လုံးကို ဖောက်ထည့်ပြီး ပြောင်းမှုန့်ထည့်ကာ သမအောင် မွှေထားလိုက်ပါ။

၃။ ထို့နောက် ပုစွန်ကို ကြက်ဥ ပြောင်းမှုန့်အနှစ်ထဲထည့်ကာ သမအောင် နယ်လိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက ပုစွန်များထည့်ကာ ရွှေညိုရောင်ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။

ရွှေညိုရောင် ပြောင်းသွားပြီဆိုရင်တော့ ပန်းကန်ထဲဆယ်ထားလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ပုစွန်ကြော်တစ်ပွဲ ရရှိသွားပါပြီ။