အားလုံးပဲ မင်္ဂလာပါ။ လွယ်ကူရိုးရှင်းသော ဟင်းလျာတစ်မျိုးဖြစ်တဲ့ ကြက်ဥကြော်ကို ချိစ်နဲ့ ရောကြော်ထားပြီး ကြက်ဥပန်ကိတ် ပြင်ဆင်ပုံ ပြင်ဆင်နည်းလေးကို MyFood Myanmar ရဲ့ဟင်းချက်ဝါသနာအိုးတွေအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ချိစ် ၂ အောင်စ
  • ကြက်သွန်မြိတ် အနည်းငယ် (နုပ်နုပ်စဉ်းထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥအနှစ် ၃ လုံးကို ဆား၊ ငုတ်ကောင်းမှုန့် အနည်းငယ်ဖြင့် မွှေခလောက်ထားလိုက်ပါ။

၂။ အခြားပန်းကန်လုံးထဲတွင်တော့ ကြက်ဥအကာများထည့်ကာ လက်ကိုင်လျှပ်စစ်မွှေစက်ဖြင့် အမြှုပ်များထလာသည်အထိ မွှေပေးလိုက်ပါ။

၃။ ထို့နောက် ကြက်ဥအကာတစ်ဝက်ခန့်ကို ကြက်ဥအနှစ်ထဲထည့်ပါ။ ချိစ် တစ်ဝက်၊ ကြက်သွန်မြိတ် တစ်ဝက်ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

တစ်ဖန် ကျန်ရှိနေသော ကြက်ဥအကာများထည့်ကာ သမအောင် ထပ်နယ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ပါ။ ထောပတ်များ အရည်ပျော်သွားပါက ကြက်ဥအရောအနှောများထည့်ပါ။ ထို့နောက် အိုးအဖုံးအုပ်ပြီး ကြက်ဥများ ရွှေဝါရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၅။ ထို့နောက် ကျန်ရှိနေသော ချိစ်တစ်ဝက် ဖြူးထည့်ကာ ၁ မိနစ်ခန့် တည်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ် Omelette ကြက်ဥပန်ကိတ်လေး ရရှိသွားပါပြီ။

Source: Seriouseats.com