ရှမ်းဆိုင် ပုံစားတွေမှာ ရောင်းတဲ့အာလူး ချဉ်စပ်လေးပါ။ လွယ်ကူပြီး စားလို့ကောင်းလို့လုပ်စားကြည့်ပါ ။

ပါဝင်ပစ္စည်း များ

  • ဂျင်း – လက်တဆစ် (အချောင်းလေးတွေလှီးပါ)
  • Chili Garlic Sauce – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Vinegar – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား

  • အာလူး – ၂လုံး (သို့) ၃ လုံး
  • သကြား (သို့) ဟင်းချို မှုန့်

ပြင်ဆင်ပြုလုပ်နည်း

၁။ ကြော်မည့် အိုးထဲတွင် ဆီထည့်ပြီး ဆီပူလာရင် ဂျင်းကို ထည့်ပါ ။ ဂျင်း အနံ မွှေးလာရင် Chili Garlic Sauce ကိုထည့်ပါ ။

၂။ ပြီးလျှင် ချက်ချင်း အာလူးပါးပါးလေးတွေ ထည့်ပါ ။ ရေအနည်းငယ် ၊ ဆား ၊ သကြား(သို့) ဟင်းချိုမှုန့်၊ Vinegar တို့ကိုထည့်မွှေပါ ။

၃။ အိုးကို မအုပ်ရင် ပိုကောင်းပါတယ် ။ မွှေရင်းနဲ့အာလူး ကို မပျော့ပဲ မာဆပ်ဆပ် အနေအထားမှာ အိုးပေါ်မှချပါ ။ ( ၃မိနစ် လာက်ဆို ရပါတယ်)

Credit: ဟင်းချက်နည်းများ