ဒီမနက် ဈေးသွာရင်း ကင်းမွန်လတ်လတ်ဆတ်ဆတ် တွေ့တာနဲ့ အတွေးထဲ သုပ်စားဖို့ စိတ်ကူးလေးရတာနဲ့ ကိုယ်သုပ်စားတဲ့ နည်းလေးကို ရှယ်ပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ကင်းမွန်
- ငရုပ်သီးစိမ်း
- ငပိ
- ငရုပ်ကောင်းစေ့အမဲ
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဆား
- ပုဇွန်ခြောက်မှုန့် ( ဟင်းချိုမှုန့်)
- သံပုရာသီး
- ဂျင်းစိမ်း
- နံနံပင်
ပြင်ဆင်ပြုလုပ်နည်း
- ကင်းမွန်ကို သေချာသန့်စင်ထားပါ။ ဆား၊ ဂျင်းစိမ်း မညှက်တညှက်ထောင်းထည့်ပြီး ရေအနည်းငယ်ဖြင့် ပြုတ်ပါ။
- ကင်းမွန်က ရေထွက်သေးတာမို့ ရေအများကြီးထည့်ပြုတ်ပေးစရာမလိုပါ။
- ငရုပ်သီးမီးကင်၊ ငပိမီးကင်တို့ကို ဆား၊ ပုဇွန်ခြောက်မှုန့်၊ ငရုပ်ကောင်းစေ့အမဲ၊ ကြက်သွန်ဖြူ လိုသလောက်ထည့်ကာ ထောင်းပေးပါ။ ရလာတဲ့ အနှစ်၊ ပါးပါးလှီထားတဲ့ ကြက်သွန်နီ၊ ကင်းမွန်ပြုတ်တို့ကို သုပ်မည့် ဇလုံတွင် ထည့်ကာ သမအောင် နယ်ပေးပါ။ သံပရာသီး ညှစ်ထည့်ပါ။ အပေါ့အငံမြည်းပြီး နံနံပင်လေး ဖုံးအုပ်ပေးလိုက်ရင် ငရုပ်ကောင်း၊ ကြက်သွန်ဖြူ၊ သံပုရာနံ့တသင်းသင်းဖြင့် ကိုယ်တိုင်စိတ်ကြိုက်ဖြစ်တဲ့ ကင်းမွန်သုပ်ရပါပြီ။
Credit: Kyauk Phyu Thu