ပင်လယ်စာကြိုက်သူများအတွက် အထူးခံတွင်းစေမယ့် ပြည်ကြီးငါးချဉ်စပ်ဟင်းလေးကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ပြည်ကြီးငါး
  • ကြက်သွန်နီ အရွယ်တော် စိပ်ထားပါ
  • ကြက်သွန်ဖြူ အရွယ်တော် စိပ်ထားပါ
  • ဂျင်းကို အရှည်လှီးထားပါ
  • ငရုတ်နှစ်
  • ငရုတ်ချဉ်ဖတ်ဘူး
  • ဆား
  • ဆနွင်း
  • အချိုမှုန့်
  • ကြက်သားမှုန့်
  • ခရမ်းချဉ်သီး အတုံးသေးတုံးထားပါ
  • ရှလကာရည်
  • ငရုတ်သီးစိမ်း
  • ကြက်သွန်မြိတ်

ပြုလုပ်ပုံ

ပြည်ကြီးငါး ကို ဆနွင်း၊ ကြက်သားမှုန့် အနည်းငယ်ထည့်ပြီး နယ်ထားပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး ပူလာလျှင် ဂျင်းထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး ထည့်ပါ။
ငရုတ်နှစ် ထည့်ပါ။

ငရုတ် ချဉ်ဖတ်ထည့်ပါ။ အနှစ်အတွက် ဆား၊ အချိုမှုန့်၊ ရှလကာရည်၊ ပြည်ကြီးငါး ထည့်ပါ။ ဆီပြန်လာလျှင် ငရုတ်သီးစိမ်းထည့်ပါ။

အရသာ စိတ်ကြိုက် ပြင်ဆင်ပါ။ ကြက်သွန်မြိတ် ထည့်ပြီး အရသာရှိစွာ သုံးဆောင်နိုင် ပါသည်။

Credit: Yadana Cooking