ပါဝင်ပစ္စည်းများ
- ပြည်ကြီးငါး
- ဆား
- ငါးငံပြာရည်
- သံပုရာသီး
- သကြား
- ကြက်သွန်နီ
- မုန်လာဥနီ
- ငြုပ်သီးမှုန့်၊ ဆလက်ရွက်နှင့် ပင်စိမ်းရွက်
- နံနံပင်
- ပဲကြာဇံ
ပြုလုပ်နည်း
Source: CS Foods
- ပြည်ကြီးငါးများကို အကွင်းလိုက်လှီး ဆားရည်ဖြင့် စင်အောင်ဆေးပြီး ရေဖြင့် ပြန်ဆေးပါ။
- ပွက်ပွက် ဆူနေသော ရေနွေးထဲသို့ စက္ကန့် ၃၀ ထည့်ပြုပ်ပြီး ဆယ်ယူကာ ဇကာဖြင့် စစ်ထားပါ။
Source: Oh My Food Recipes
- ပဲကြာဇံကို ရေနွေး ဖျောထားပါ။
- ကြက်သွန်နီ၊ မုန်လာဥနီ၊ ဆလက်ရွက်၊ ပင်စိမ်းရွက်၊ နံနံပင်တို့ကို ရေဆေးပြီး အသင့် လှီးထားပါ။
- ထို့နောက် ရေစစ်ထားသော ပြည်ကြီးငါး နှင့် ပဲကြာဇံ၊ အသင့်လှီးထားသော အရွက်များရော၍ ဆား၊ ငါးငံပြာရည်၊ သံပုရာသီး၊ သကြား၊ငြုပ်သီးမှုန့်တို့အား ထည့်ပြီး ဖြေးညှင်းစွာ နယ်၍ စားသုံးနိုင်ပါသည်။(ချယ်ရီခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း)တို့ ထည့်ပြီးလည်း သုံးဆောင်နိုင်ပါသည်။
Credit: ဇွဲသုသု