အသားတွေမစားချင်လို့ အသီးအရွက်ပြောင်းစားလိုပေမယ့်လည်း အရသာကပေါ့ရွှတ်နေရင်လည်း ပါးစပ်ထဲမှာ ခံတွင်းကို တွေ့မှာမဟုတ်ပါဘူးနော်။ ဒါကြောင့် အသုပ်လေးသုပ်ပြီး အရသာလည်း ခံတွင်းမြိန်စေမယ့် အသီးအရွက်ချဉ်ငံစပ်ထောင်းလေးကို ဖော်ပြပေးချင်ပါတယ်။
ကလေးတွေကတော့ စပ်လို့စားနိုင်မှာမဟုတ်ပေမယ့်လည်း လူကြီးတွေကတော့ အလွန်အကြိုက်တွေ့မှာပါ။
ပါဝင်ပစ္စည်းများ
- မျှစ်
- ကန်စွန်းရွက်
- မှို
- ခရမ်းကျွတ်သီး
- ပဲသီး
- ခရမ်းချဉ်သီး
- စိမ်းစားငါးပိ
- ငရုတ်သီးစိမ်း၊ ငရုတ်သီးအနီ
- ပုဇွန်ငံပြာရည်
- သကြား
- မန်ကျည်းမှည့်
- သံပုရာသီး
- မုန့်ဟင်းခါးဖတ်
- အသားလုံး
- အမဲအူကြမ်း
ပြုလုပ်နည်း
ယိုးဒယားသဘောၤသီးထောင်းစားသလိုမျိုးပါပဲ အသားလုံးရယ်၊ အသီးအရွက်တွေကို ချဉ်ငံစပ် ထောင်းထားတာပါ။ အမဲသားစားရင် ပြုတ်ထားတဲ့ အမဲအူကြမ်း ထည့်ပြီး သုတ်လို့လည်း ရပါတယ်။
မျှစ်၊ ကန်စွန်းရွက်၊ မှို ၊ ခရမ်းကျွတ်သီး၊ ပဲသီး ၊ ခရမ်းချဉ်သီး၊ မုန့်ဟင်းခါးဖတ်တို့ကို စိမ်းစားငါးပိ မီးဖုတ်ပြီး ငရုတ်သီးစိမ်း၊ မကျည်းမှည့် ၊ သကြား၊ သံပုရာသီး တို့နဲ့ ချဉ်ငံစပ်ရောပြီး ထောင်းထားပါ။ အပေါ့အငံမြည်း၍ လိုအပ်လျှင် ပုဇွန်ငံပြာရည်ကို ထည့်ပါ။
Credit: အိမ်ဟင်းလေးတခွက်